top of page

၂၀၂၀ ခုနှစ် မေလ အတွက် Yoma Central လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ


Peninsula Residence Yangon Project
Photo Credit: Ko Ko Win Swe Tun

တာဝါ (၁) - THE PENINSULA RESIDENCES YANGON


၅ လွှာရှိ ဆောက်လုပ်ရေးလုပ်ငန်းပြီးဆုံးကာ ၆ လွှာကို စတင် ဆောက် လုပ်နေပြီဖြစ်သည်။ တာဝါ (၁) သည် ကပ်ရပ်ရှိ The Peninsula Yangon အမြင့်ကိုအနည်းငယ် ကျော်လွန်လာပြီဖြစ်သည် ၎င်း၏ မျက်နှာစာပိုင်း ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ရက်သတ္တပတ် ၄ ပတ်အတွင်း တင်ပို့ရန် စတင်ထုတ်လုပ်နေပြီဖြစ်သည်။

တာဝါ (၁) ဆောက်လုပ်ခြင်း ပြီးစီးမှု ၆ လွှာကျော်လာပြီဖြစ်သည့် The Peninsula Residences Yangon
Photo Credit: Ko Ko Win Swe Tun

တာဝါ (၂) – WESTIN HOTEL


တာဝါ (၂) ၏ တိုင်များ ဆောက်လုပ်မှုမှာ ဧည့်သည်များ နေထိုင်ရန် အခန်းများထားရှိမည့် ၆ လွှာသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ဆောက် လုပ်ရေးလုပ်ငန်းခွင်၏ အနောက်မြောက်ဘက်ရှိ အဓိကဓါတ် အားပေးရုံ တည်ဆောက်ခြင်းမှာ ပြီးစီးခဲ့ပြီဖြစ်ကာ အဓိကဓါတ်အားပေးစက်များနှင့် အတွင်းပိုင်းစက်ကိရိယာများကို စတင်တပ်ဆင်နေပြီဖြစ်သည်။


Photo Credit: Ko Ko Win Swe Tun

တာဝါ (၃) – ရုံးခန်းများ


တာဝါ (၃) ၏ တောင်ဘက်ခြမ်း ကွန်ကရစ်လုပ်ငန်းမှာ ၇ လွှာသို့ ရောက်ရှိလာပြီဖြစ်သည်။


Photo Credit: Ko Ko Win Swe Tun

တာဝါ (၄) – ရုံးခန်းများ


တာဝါ (၄) ၏ ကွန်ကရစ်လုပ်ငန်းမှာ ၅ လွှာအထိ ရောက်ရှိလာပြီဖြစ်ကာ သံလုပ်ငန်းမှာ ၆ လွှာသို့ ရောက်ရှိလာပြီဖြစ်သည်။ ၄ လွှာတွင် ကြမ်းခင်း လုပ်ငန်းဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆိုင်အချို့၏ ကြမ်းပြင် နေရာ များအထိ ရောက်ရှိလာပြီဖြစ်သည်။ အဓိက ဈေးဝယ်လျောက်လမ်းမှာ ပုံပေါ်လာသည်ဖြစ်ကာ Yoma Central စီမံကိန်းနှင့် The Peninsula Yangon တို့အကြားတွင် စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။ မြေအောက်ခန်း မြေတူးခြင်း လုပ်ငန်းစဉ်သည်လည်း level B4 သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါအနက်သည် နွေရာသီအကုန်ကတည်းက ရေမျက်နှာပြင် အောက်ရောက်ရှိနေပြီဖြစ်ပြီး ယခုမိုးရာသီစတင်လာပြီဖြစ်သဖြင့် ၎င်း ရေမျက်နှာပြင်မှာ level B2 အထိ တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ် သည်။ ထို့ကြောင့် နှစ်ကုန်အထိ ရေများစုပ်ထုပ်ရန် လိုအပ်မည်ဖြစ်သည်။

 

Print Version


bottom of page