Yoma Central ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ရေရှည်တည်တံ့ရေး ခရီးစဉ်

၂၀၁၅ ခုနှစ်၌ နိုင်ငံလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဆန်းစစ်လေ့လာခြင်း လုပ်ထုံးလုပ်နည်းများကို စတင်သတ်မှတ်ခြင်း မပြုမီတွင် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အတွက် ပြည်တွင်းပြည်ပဆိုင်ရာ သဘာဝပတ်ဝန်းကျင်နည်းဥပဒေများအား လိုက်နာရန်အတွက် တွန်းအား အနည်းငယ် သာ ရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် Yoma Central စီမံကိန်း စတင်လုပ်ကိုင်ခွင့်ရရှိပြီးနောက် Yoma Land ၏ အကျိုးတူမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် IFC၊ ADB နှင့် Mitsubishi Corporation တို့ကလည်း အဆိုပါ စီမံကိန်းက တင်းကျပ်လှသည့် နိုင်ငံတကာဖွံ့ဖြိုးရေးစံချိန်စံညွှန်းများအား လိုက်နာပြီး စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုများကိုလည်း လေ့လာဆန်းစစ်ရန် ဆန္ဒရှိကြပါသည်။ နိုင်ငံတကာမှ သတ်မှတ် ထားသော်လည်း ပြည်တွင်းတွင် အတန်ငယ် ထိရှလွယ်သည့် စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်မည့် စည်းမျဉ်းစည်းကမ်းများကို Yoma Central အဖွဲ့သားများက တာဝန်ယူ ဖန်တီးခဲ့ကြပါသည်။ မြန်မာနိုင်ငံ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လုပ်ထုံးလုပ်နည်းများကို တရားဝင်ထုတ်ပြန်ခဲ့သည့် အချိန်တွင် Yoma Central စီမံကိန်းက အခြားသောသူ များထက် များစွာရှေ့ရောက်နေပြီဖြစ်သည်။ လက်ရှိအချိန်တွင် Yoma Land သည် မြန်မာနိုင်ငံ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အသိအမှတ်ပြု လက်မှတ်ကို ပထမဆုံးရရှိသော ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်လာပါသည်။

Star City နှင့် ရန်ကုန်မြို့သစ်တည်ဆောက်မှု စီမံကိန်းများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့ပြဒီဇိုင်းပညာရှင် Tessa Morton က ၏ Yoma Central ၏ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ အား လေ့လာဆန်းစစ်ရေး လမ်းညွှန်ချက်များကို အကြမ်းရေးဆွဲပေးခဲ့ပါသည်။
Tessa က ရည်မှန်းချက်အပြည့်ရှိသည့်အပြင် လုပ်ငန်းခွင်အတွေ့အကြုံရရန် စိတ်အားထက်သန်လျက်ရှိသော office Administrator ဖြစ်သူ မခင်စန္ဒီလင်းနှင့်အတူပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။ဆောက်လုပ်ရေးလုပ်ငန်းတိုင်းကကြီးငယ်မဟူပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုအမြဲရှိသည်သာဖြစ်ပါသည်။ “ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ရန် အရေးကြီးပါတယ်။ ဒီနေရာမှာ အရင်က ဂရင်းမီးရထားဟော်တယ် နဲ့ FMI Center တွေ တည်ဆောက်ခဲ့တာပါ။ မြို့ လယ်ခေါင်မှာရှိပြီး ဗိုလ်ချုပ်ဈေး နဲ့ Holy Trinity Church တို့လို ထင်ရှားတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေ နဲ့ အနီးတဝိုက်မှာ တည်ရှိတာကြောင့် Yoma Central စီမံကိန်းက မြို့လယ်မှာ နေထိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုရှိတာကတော့ အသေအချာပါပဲ။” ဟု စန္ဒီက ပြောကြား ခဲ့သည်။
အဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းခြင်းဖြင့် စတင်ခဲ့ပါသည်။ Yoma Central ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် ပန်းပဲတန်း၊ ဒဂုံ နှင့် ကျောက်တံတား မြို့နယ် သုံးခု ဆုံရာတွင် တည်ရှိပါသည်။ စန္ဒီ နှင့် Tessa တို့က အဆိုပါမြို့နယ်များရှိ အုပ်ချုပ်ရေးရုံးများ နှင့် ပူးပေါင်းညှိနှိုင်း ကာ စီမံကိန်းမှ သက်ရောက်မှုရှိနိုင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများကို စတင်သတ်မှတ်ခဲ့ကြပါသည်။ မြို့နယ်မှ တာဝန်ရှိသူများ၏ အကြံပြုချက်များအပေါ် အခြေခံကာ သက်ဆိုင်ရာအဖွဲ့အစည်းများကို ၎င်းတို့ သက်ရောက်မှု ခံစားရမည့် ကဏ္ဍများအလိုက် ခွဲခြားခဲ့သည်။ များစွာသောညှိနှိုင်းဆွေးနွေးပွဲများအား စန္ဒီမှ ဦးဆောင်ကျင်းပခဲ့ကာ စီမံကိန်းကြောင့် ယာဉ်လမ်းကြောင်းများ၊ တုန်ခါမှုများ၊ ဖုန်များ၊ ဆူညံသံများ၊ မြို့တွင်းရှိ အဆောက်အအုံများတွင် ဖြစ်ပေါ်လာ နိုင်သည့် အထိအခိုက်များ နှင့် ဒီဇိုင်းအရ သက်ရောက်မှုများအကြောင်း မေးခွန်းများကို မေးမြန်း ပြုစုခဲ့ပါသည်။
အဆိုပါ ပဏာမအကြံပြုချက်များအရ Tessa နှင့် စန္ဒီတို့သည် ဆူညံသံ၊ လေထုသန့်ရှင်းမှု နှင့် ရေအရည်အသွေး စောင့်ကြည့်လေ့လာသည့် ကိရိယာများကို Yoma Central စီမံကိန်းတွင် စတင်အသုံးပြုခဲ့ပါသည်။ပြည်သူလူထု၏ အသံကို နားထောင်ရန် စိတ်အားထက်သန်လျက်ရှိသည့် ဆောက်လုပ်ရေးအဖွဲ့ဝင်များထံသို့ မိမိတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာပြောကြားနိုင်မည့် အထူးဆက်သွယ်ရေးလုပ်ငန်းစဉ်ကိုလည်း စီမံကိန်းအနီးဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် ဖန်တီးပေးခဲ့ပါသည်။ စီမံကိန်း၏အချက်အလက်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကိုလည်း အများပြည်သူနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပွင့်လင်းမြင်သာစွာ ကြည့်ရှု လေ့လာနိုင်ရန် ဆောင်ရွက်ခဲ့ပါ သည်။
အများပြည်သူ၏ အကြံပြုချက်များအရ ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသည် Yoma Central စီမံကိန်းကို အထောက်အပံ့ပြုသည်သာမက လူမှုဝန်းကျင်ကိုလည်း တမဟုတ်ချင်း အကျိုးသက်ရောက်မှုရှိစေသည်။ ဥပမာ ဆိုရသော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် ရေဆိုးမြောင်းများအား ပြုပြင်ခြင်း၊ လမ်းကြောင်းအသစ်ဖောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ရာ စီမံကိန်းအတွက်သာမက ရန်ကုန် မြို့လယ်ခေါင် ရေစီးရေလာအခြေအနေကိုပါ တိုးတက်စေခဲ့ကာ သမိုင်းဝင်မြို့တော်၏ မိုးရာသီအခြေအနေကို လည်း တိုးတက်စေခဲ့ပါသည်။ “ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေနဲ့ အသံတွေကို နားထောင်ရင်း အကြံပြု ချက်တွေကို ဆွေးနွေးဖလှယ်ဖို့အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လတုန်းက Central Hotel မှာ အများပြည်သူ ပါဝင်ဆွေးနွေး အကြံပြုပွဲလုပ်နိုင်ခဲ့ပြီး အဲ့ဒီကရတဲ့ အချက်အလက်တွေကို အပြီးသတ်ဒီဇိုင်း၊ သဘာဝပတ်ဝန်းကျင် နဲ့ လူမှုဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက် တင်သွင်းတဲ့နေရာ၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လျော့ချရေး လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းအသုံးပြုနိုင်ခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အသံတွေကို နားထောင်တာက စီမံကိန်း သေးသေးအတွက်ရော ကြီးကြီးအတွက်ရော အကျိုးရှိစေတယ်ဆိုတာရဲ့ ဥပမာကောင်းတစ်ခုပါပဲ။” ဟု Yoma Land ၏ ဦးဆောင်သူ Stephen Purvis က အဆိုပါလုပ်ငန်းစဉ်အပေါ် မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

Tessa နှင့် Sandy တို့က Yoma Central ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက်များကို ဆောင်ရွက်ရင်း ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ စန္ဒီက လက်ရှိတွင် Yoma Central စီမံကိန်း၏ စည်းကမ်းထိန်းသိမ်းရေး မန်နေဂျာအဖြစ် ဆောင်ရွက်လျက်ရှိကာ ၎င်း နှင့် Tessa တို့ အတူ ချမှတ်ခဲ့သည့် စံချိန်စံညွှန်းများအားလုံးကို လိုက်နာရေးကို အားပြုလုပ်ဆောင်လျက်ရှိ သည်။စန္ဒီက ဗိုလ်ချုပ်ဈေးနှင့် အသစ်တည်ဆောက်လျက်ရှိသည့် Yoma Central အဆောက်အအုံတို့ကြား တွင် တည်ရှိသော ဘုရားကျောင်းငယ် ဖြစ်သည့် စိန့်ဂေဘရီရယ်လ် ဘုရားကျောင်းကို ပြန်လည်ပြုပြင်မွန်းမံပေး နေသော Yoma Land ၏ ပြည်သူ့အကျိုးပြုစီမံကိန်းတွင် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူ အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။ Tessa ကမူ Yoma Central တွင် ရရှိခဲ့သည့် အတွေ့အကြုံများကို အသုံးချကာ ကုမ္ပဏီတစ်ခုလုံးအဆင့် လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလမ်းညွှန်ချက်များ ကို ရေးသားပြုစုလျက်ရှိသည်။
Tessa သည် ရန်ကုန်မြို့သစ်တည်ဆောက်ခြင်း၊ Star City နှင့် Yoma Land က တာဝန်ယူဆောက်လုပ်ပြီး ၂၀၂၉ ခုနှစ်တွင် နေထိုင်သူဦးရေ ၂၉,၀၀၀ အထိ ရှိလာရန် ခန့်မှန်းထားသည့် အဆောက်အအုံတို့အတွက် အကောင်းဆုံးသော လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုများကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ စီမံကိန်း နှစ်ခုလုံးအတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင် ရှုထောင့်များမှ ကြည့်ရန် အလွန် အရေးကြီးပါသည်။ ရှားပါးလိပ်ပြာမျိုးစိတ်များ၊ ငဟစ်ငှက်၊ The Slate Bird နှင့် ပုစဉ်းထိုးငှက် စသည့် ရှားပါးငှက်မျိုးနွယ်များ အပါအဝင် ဇီဝမျိုးကွဲများစွာကို Star City က ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကာ Yoma Land ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ blog ဖြစ်သည့် Going Wild တွင် ဆောက်လုပ်ရေးလုပ်ငန်းဝန်ဆောင်မှုဒါရိုက်တာ နှင့် ငှက်ကြည့်သူ တစ်ဦးဖြစ်သည့် Jon Skipper က အပြည့်အစုံရေးသားဖော်ပြထားပါသည်။ Star City တွင် နေထိုင်သူများကလည်း Jon ၏ စိတ်ပါဝင်စားမှုကို အထောက်အပံ့ပြုကာ အဆိုပါ blog တွင် ပုံမှန်ရေးသား နိုင်ရန် ကူညီကြသည်။ လက်ရှိတွင် Star City ဖွံ့ဖြိုးရေးအဖွဲ့သားများက River Park ကို ၂၀၂၀ မိုးရာသီ ကုန်ဆုံးသည်နှင့် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ River Park သည် Yoma Land ၏ အနာဂတ်စီမံကိန်းတစ်ခုဖြစ်ကာ သစ်တောဥယာဉ်တစ်ခုအဖြစ်သို့ ချဲ့ထွင်သွားမည်ဖြစ်သည်။ Yoma Central စီမံကိန်းနေရာရှိ သက်တမ်းရင့် အပင်ကြီးနှစ်ပင်ကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင် ၏ သက်ရောက်မှုများမှ ကာကွယ်ရန် နှင့် Star City ရှိ ကလေးငယ်များ ပျော်ရွင်စွာ ဆော့ကစားနိုင်သည့် နေရာတစ်ခု ဖြစ်လာစေရန် Star City River Park သို့ ဂရုတစိုက် ပြောင်းရွှေ့စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

“ကျွန်မတို့က လူမှုဝန်းကျင်ကို အကျိုးပြုတဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ နယ်ပယ်ခေါင်းဆောင် ဖြစ်ချင်ခဲ့တာ။ ကျွန်မတို့ အဖွဲ့သားတွေနဲ့ စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေအားလုံးက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို သေသေချာချာ အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာကို ပြချင်ခဲ့တာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လာတဲ့အခါ Yoma Land က အပြောထက် အလုပ်နဲ့ သက်သေပြပြီး သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို တကယ်တမ်းလိုက်နာဆောင်ရွက်တာကို တွေ့ရတာ ဝမ်းသာစရာ ကောင်းလှပါတယ်။ Yoma Central ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တာဝန်ယူဆောင်ရွက်ရတာအတွက် ကျွန်မအနေနဲ့ တစ်ဦးတည်းခံစားချက်အရရော အလုပ်သဘောအရပါ ကျေနပ်အားရမိပါတယ်။ မြန်မာနိုင်ငံမှာ မမြင်ရသေးတဲ့ အရည်အသွေး စံချိန်စံညွှန်းအပြည့်နဲ့ ပြီးသွားတဲ့ စီမံကိန်းကို မြင်ရတာလည်း ကျွန်မအရမ်းပဲ ဂုဏ်ယူမိတယ်။ ဒီလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အလေ့အကျင့်တွေက အဖွဲ့သားတွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သလို Yoma Land နဲ့ လက်တွဲလုပ်ကိုင်ရာက ရလာတဲ့ အတွေ့အကြုံတွေကလည်း နောက်ပိုင်းမှာ သူတို့ နိုင်ငံတကာက ဘယ်လိုစီမံကိန်းကိုပဲ လုပ်လုပ် ပြန်လည်အသုံးချလို့ ရတာတွေလည်း ဖြစ်ပါတယ်။” ဟု Yoma Central စီမံကိန်းတွင် လုပ်ကိုင်ခဲ့စဉ်က ရရှိခဲ့သည့် အတွေ့အကြုံများနှင့် တွန်းအားများ အကြောင်းကို Tessa က ပြန်ပြောင်းပြောပြခဲ့သည်။

Print Version



