Yoma Central စီမံကိန်း အောက်တိုဘာလထုတ် စာစောင်

ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များခင်ဗျာ။
အားလုံးပဲသိကြတဲ့အတိုင်း ယခုအခါ မြန်မာနိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံးအနှံ့ကူးစက်ပျံ့နှံ့မှုနှင့်အတူ COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်းကို တွေ့ကြုံခံစားနေရတာပဲ ဖြစ်ပါတယ်။ အမျိုးသားနှင့် ဒေသန္တရအစိုးရအာဏာပိုင်များသည် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြင်းထန်သောအရေးယူမှုများလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။ အစိုးရမှ ရန်ကုန်မြို့အတွက် ထုတ်ပြန်ထားသော မိမိအိမ်တွင်သာ နေထိုင်ရမည့် ထုတ်ပြန်ချက်အရ စက်တင်ဘာလ၊ ၂၄ ရက်မှ စတင်၍ ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို ခေတ္တရပ်ဆိုင်းထားစေခဲ့ပြီး အောက်တိုဘာလ၊ ၂၁ ရက်တွင် ထုတ်ပြန်ချက်သက်တမ်း ကုန်ဆုံးသည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ Yoma Central အဖွဲ့သားများသည် အောက်တိုဘာလ၊ ၂၄ ရက်မှ စတင်၍ အလုပ်များကို ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ နောက်ဆုံး တိုးတတ်မှုအခြေအနေတွေကို အောက်ဖော်ြပပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ပြင်ပလုပ်ငန်းများ
ပြီးခဲ့သောလများတွင် တိုက်ရိုက်ကန်ထရိုက်တာလုပ်ငန်းအသစ်ခန့်အပ်မှုများစွာ ပြုလုပ်ခဲ့ပြီး Westin ဟိုတယ်ခန်းများနှင့် တိုက်ခန်းများအပြင် လက်လီအရောင်းအ၀ယ်များအတွက် နေရာများလည်း ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ စီမံကိန်းများအတွက် ကနဦး အစည်းအဝေးများပြုလုပ်ခဲ့ပြီး ဖြစ်သည့်အပြင် ကျွန်ုပ်တို့သည် The Peninsula Yangon အတွက် ရုပ်လုံးပေါ်ပေါက်လာပုံ တင်သွင်းမှုကို ပထမဦးဆုံး မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့အပြင် ပြည်ပရောက် ၀န်ထမ်းအများစုသည် ယခုအခါ ရန်ကုန်သို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး မဖြစ်မနေလိုအပ်သော ကွာရန်တင်းကာလ ပြီးဆုံးပြီးနောက် ၎င်းတို့၏အလုပ်ကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။ ယခုလို ခက်ခဲသော အခြေအနေများကြားထဲမှ ကျွန်တော်အဖွဲ့သားများသည် တာဝန်များကို အကောင်းဆုံးပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာက သတင်းကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုံခြုံရေးအစီအမံများထပ်မံအဆင့်မြှင့်တင်ခြင်း
YCP/PYL လုပ်ငန်းဆိုက်များတွင် BTJV/BYMA မှ COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်မှုအစီအမံများကို ထပ်မံသုံးသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ BTJV / BYMA စနစ်အတိုင်း စီမံကိန်းများကို ဇုန်(၆)ခုအဖြစ်ပိုင်းခြားခြင်းဖြင့် စီမံကိန်းဇုန်တစ်ခုစီတွင် ခြံစည်းရိုးများ၊ သီးခြား ၀င်ပေါက်များနှင့် အလုပ်သမားများအတွက် လုပ်ငန်းချိန်အတွင်း အသုံးပြုရန် နေရာထိုင်ခင်းများ ထည့်သွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ “အထိအတွေ့” မရှိပဲ ၀င်ပေါက်/ထွက်ပေါက်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော မျက်နှာသွင်ပြင်စစ်ဆေးအသိအမှတ်ပြုစနစ်အသစ်ကိုလည်း တပ်ဆင်ထားပါသည်။ ထို့အပြင် ကျွန်တော်တို့သည် YCP တွင်သာမက၊ မည်သည့်နိုင်ငံရှိ မည်သည့်လုပ်ငန်းခွင်၌မဆို ကျွန်တော်တို့၏ အလုပ်သမားများကို ၂၄ နာရီပတ်လုံး ဆရာဝန်၏အကူအညီဖြင့် ထောက်ပံ့ပေးထားခြင်းဖြင့် ကမ္ဘာ့အဆင့်မီဆေးကုသမှု စံချိန်စံညွှန်းအသစ်များချမှတ်ထားပြီး ရုံးခန်းများနှင့် လုပ်ငန်းခွင်များတွင် H&S ၏ အကောင်းဆုံးအလေ့အကျင့်ကို ပြသထားပါသည်။
ယခု သတင်းလွှာ မထုတ်ပြန်ရသေးမီကာလတွင်လည်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာန (MOHS/MOC) တို့မှ ကျွန်တော်တို့၏ လုပ်ငန်းခွင်ရှိ အလုပ်များပြန်လည်ပတ်နိုင်ရန်နှင့် အပြင်ဘက်ရှိသံမဏိထုတ်လုပ်သည့် ခြံဝင်းအတွင်း လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ
Yoma Central အဖွဲ့
ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ နောက်ဆုံးတိုးတတ်မှု အခြေအနေများ
စက်တင်ဘာလ အစောပိုင်းတွင် တာဝါ (၁) နှင့် တာဝါ (၂) ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ၏ ကနဦး တိုးတက်မှုများကို တွေ့မြင်ခဲ့ရသော်လည်း အစိုးရမှ ချမှတ်ထားသော lockdown အခြေအနေများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်ဆိုင်းထားခဲ့သည်။ ကျွန်တော်တို့၏ ကန်ထရိုက်တာများသည် စီမံကိန်းကို အချိန်မှီ ပြီးမြောက်ရန်အတွက် မည်သည့်နှောင့်နှေးမှုကိုမဆို လျှော့ချရန် ရည်မှန်းလျက် လက်ရှိဆောက်လုပ်နေသော အချိန်ဇယားကို ပြန်လည်ပြင်ဆင်နေပါသည်။
Yoma Central ရုံးခွဲ၏ ကေဘယ်လ်ကြိုးလုပ်ငန်းသည်လည်း lockdown အခြေအနေများကြောင့် နှောင့်နှေးခဲ့သည်။

တာဝါ (၁) - The Peninsula Residences Yangon
တာဝါ (၁) ၏ အဆောက်အဦသည် ၁၆ လွှာကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ မြေအောက်အလွှာများဖြစ်သော B0 နှင့် B1 တို့၏ နံရံအုတ်စီခြင်းလုပ်ငန်းများလည်း နောက်ဆုံးအဆင့်ထိ ပြီးစီးခဲ့ပြီဖြစ်သည်။ စက်မှုလျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေပိုက်စနစ် (MEP) ကိုလည်း အလွှာများစွာတွင် တပ်ဆင်ထားပြီးဖြစ်ပြီး တာဝါ (၁) ၏ ပထမထပ်မျက်နှာစာမှာ စတင်ရုပ်လုံးပေါ်လာပြီဖြစ်သည်။
တာဝါ (၂) - Westin Hotel
တာဝါ (၂) တွင် ဒုတိယထပ်၏ နံရံအုပ်စီခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ကျွန်တော်တို့သည် Back of House (BOH) အခန်းများကိုလည်း ဆောက်လုပ်ပြီးစီးခဲ့ပါသည်။
မျက်နှာစာဆောက်လုပ်ပြင်ဆင်မှုလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကိုလည်း ပြည်ပမှ မှာယူထားလျက်ရှိပြီး နိုဝင်ဘာလတွင် စတင်တပ်ဆင်နိုင်မည်ဟု ခန့်မှန်းထားသည်။
မြေအောက်ခန်း
မြေအောက်အလွှာ B2 ၏ နံရံအုပ်စီခြင်းလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ထားသော်လည်း Back of House (BOH) အခန်းများကို ဆောက်လုပ်ပြီးစီးခဲ့ပါသည်။
တာဝါ ၃/၄ - ရုံးများ
တာဝါ (၄) ၏ မျက်နှာစာဆောက်လုပ်ပြင်ဆင်မှုလုပ်ငန်းများကို တာဝါတိုင် (၁၊၂) တို့နှင့်အပြိုင် ဆောင်ရွက်လျက်ရှိသည်။ မကြာမီတွင် တာဝါ (၃) အတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တာဝါ (၄) ရှိ ရုံးခန်းကြမ်းပြင်ကိုမူ ယခုဖွဲ့စည်းလျက်ရှိကြသည်။