top of page

Yoma Central စီမံကိန်း စက်တင်ဘာလထုတ် စာစောင်



ချစ်ခင်ရပါသောမိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနှင့်မိတ်ဖက်များခင်ဗျာ


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၁ စက်တင်ဘာ၏ နေအိမ်တွင်နေထိုင်ရန်အမိန့် မထုတ်ပြန်မီကာလ ရှိ Yoma Central လုပ်ငန်းခွင်ဧရိယာ၏ တိုးတက်မှုများကို တင်ပြလိုပါသည်။ ယခုလသတင်းလွှာသည် ကျွန်တော်တို့အဖွဲ့၏ စီမံကိန်းမန်နေဂျာ ဦးကိုကိုဝင်းဆွေထွန်း ၏ ထူးချွန်မြင့်မားသော အရည်အချင်းကို ဖော်ပြရန် အခွင့်အရေးတစ်ခုလည်းဖြစ်ပါသည်။ ဒါ့အပြင် ကျွန်တော်တို့၏ International Sales Director အသစ်ဖြစ်သူ Mrs Cindy Chick ရောက်ရှိလာခြင်းကိုအသိပေးကြေညာရသည့်အတွက်လည်းဂုဏ်ယူမိ ပါသည်။


Yoma Central ၏ အိမ်နီးချင်းမြို့နယ်ဖြစ်သော ပန်းပဲတန်းမြို့နယ်ရှိ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် အခြေအနေတုံ့ပြန်ရေးကော်မတီ အား PPE နှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ကိရိယာများအတွက် ကျပ်ငွေ စုစုပေါင်း ၅.၁ သန်းကို လှူဒါန်းခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင်နေရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ ၂၁ စက်တင်ဘာလ ၂၀၂၀ တွင် ကျင်းပခဲ့သောအစည်းအဝေးတစ်ခုတွင် ကျွန်တော်တို့မြို့နယ်၏ Covid-19ထိန်းချုပ်ရေးနှင့်အရေးပေါ်အခြေအနေတုံ့ပြန်ရေးကော်မတီဥက္ကဌမှယင်းအလှူငွေကိုလက်ခံခဲ့ပါသည်။


နေအိမ်တွင်နေထိုင်ရန် အမိန့်မထုတ်ပြန်မီကာလတွင် Yoma Central ၏ တာဝါ ၄ ခု၊ Basement နှင့် podium တည်ဆောက်မှု အခြေအနေမှာ တိုးတက်လာခဲ့ပြီးဖြစ်သဖြင့် အလွန်အားတက်ကောင်းပါသည်။ Tower 3 မှာ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ရေပိုက်လုပ်ငန်းများမှာ ဒုတိယအဆင့်ကို စတင်ခဲ့ပြီး Energy Centrer ကိုလည်း အပြီးသတ်နိုင်ခဲ့ပါသည်။ လုပ်ငန်းခွင်တည်ဆောက် ခြင်းတင်ပြမှု အသေးစိတ်ကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။


ကပ်ရောဂါဖြစ်ပွားနေသော်လည်း ရုံးခန်းနှင့်လက်လီအရောင်းဆိုင်များ ငှားရမ်းခြင်းလုပ်ငန်းမှာ အလားအလာ ကောင်းလျက်ရှိပါသည်။


အားလုံးပဲ ဘေးကင်းကြပါစေ။

Yoma Central အဖွဲ့။


 

Yoma Central နှင့်ပတ်သက်သည့် အကြောင်းအရာများ


Ko Ko Win Swe Tun

ယခုလမှာ Yoma Central စီမံကိန်းမန်နေဂျာ ကိုကိုဝင်းဆွေထွန်း နှင့်မိတ်ဆက်ပေးမည် ဖြစ်ပါသည်။ ဦးကိုကိုသည် Yoma Central နှင့်လက်တွဲလုပ်ကိုင်နေသည်မှာယခုဆိုလျှင်၃နှစ်ကျော်ခဲ့ပြီး သူ၏အလုပ်အပေါ်အလေးအနက်ထားရှိမှုကိုမြန်မာနိုင်ငံနှင့်အရှေ့တောင်အာရှဒေသရှိသူပါဝင်လုပ်ကိုင်ခဲ့သည့်ဆောက်လုပ်ရေးစီမံကိန်းများကိုကြည့်လျှင်သိနိုင်ပါသည်။ Yoma Central ၏မျှော်မှန်းချက်ကိုအကောင်အထည်ဖော်ရန်အတွက် YCP အဖွဲ့နှင့်အတူမည့်သည့်စီမံကိန်းတွေမှာသူပါဝင်လုပ်ကိုင်နေသလဲဆိုတာကို ဤစာမျက်နှာ တွင် ဖော်ပြပေးထားပါသည်။


 

Construction Updates


Tower 1 – The Peninsula Residences Yangon



Tower 1 ၏ကွန်ကရစ်လောင်းခြင်းတည်ဆောက်မှုမှာအထပ်၁၅သို့ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုလက်ရှိတွင်အထပ်၅နှင့်အထပ်၆ကြားရှိ podium အတွက်လည်းကွန်ကရစ်လောင်းအုတ်စီခြင်းလုပ်ငန်းမှာလည်းပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ထိုအဆောက်အဦး၏မြောက်ဘက်ပိုင်းတွင်လည်း တာဝါ၏ဖန်မျက်နှာပြင်ပြားများကိုအထပ်၅နှင့်၆တို့တွင်တစ်စုတစ်စည်းတည်းဖြစ်စေရန်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင်စက်ပိုင်းဆိုင်ရာ၊လျှပ်စစ်နှင့်ရေပိုက်စနစ်များကိုလတ်တလောတွင်အထပ်၁မှ၁၀အထိတပ်ဆင်နေပါသည်။


 

Tower 2 - Westin ဟိုတယ်




Tower 2 ၏ ဖိအားကိုခံနိုင်ရည်ရှိစေရန် ကွန်ကရစ်အကြမ်းထည် ကြမ်းခင်းဆောက်လုပ်ခြင်း အဆင့်မှာ အထပ် ၁၁ သို့ ရောက်ရှိခဲ့ပြီး ကွန်ကရစ်အုတ်စီခြင်းများကို အထပ် ၂ တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ရေပိုက်ပြင်ဆင်မှုများ၏ ပထမအဆင့် ကို အထပ် ၁ မှ ၅ အထိ စတင်လုပ်ဆောင် လျက်ရှိပါသည်။


 

Tower 3 - ရုံးခန်းများ




Tower 3 ၏ ကွန်ကရစ်အကြမ်းထည် ကြမ်းခင်းတည်ဆောက်ခြင်းကို ဒီဇိုင်းရေးဆွဲခြင်းမှာ ယခုဆိုလျှင် အထပ် ၆ ထိ ရောက်ရှိပြီး 12.5kVA ထရန်စဖော်မာများနှင့် အခြားဆက်စပ်ပစ္စည်းများတပ်ဆင်ပြီးဖြစ်သည့် Energy Centre တွင်လည်း ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများပြီးစီးတော့မည် ဖြစ်ပါသည်။ မီးစက်မှာလည်း တပ်ဆင်ပြီးဖြစ်ပြီး Chiller plant ၅ ခုအနက် ၂ ခုမှာ လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တပ်ဆင်ရန်အသင့် ဖြစ်နေပါသည်။ လာမည့်ရက်သတ္တပတ်များအတွင်း တပ်ဆင်ရန်အတွက် နောက်ထပ်စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့် ရေပိုက်ကိရိယာများ (MEP) တို့သည် လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။


 

Tower 4 - ရုံးခန်းများ




Tower 4 ၏ကွန်ကရစ်လောင်းရန် ကြမ်းခင်းတည်ဆောက်ခြင်း ဒီဇိုင်းရေးဆွဲခြင်းမှာ အထပ် ၇ သို့ ရောက်ရှိခဲ့ ပါသည်။ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ရေပိုက်လုပ်ငန်းများ၏ ပထမ နှင့် ဒုတိယအဆင့်တို့မှာ အထပ် ၁ မှ ၄ ထိ ပြီးစီးပြီး ဖြစ်ပါသည်။


 

Podium


Podium တည်ဆောက်ရန်အတွက် ကြမ်းခင်းကွန်ကရစ်လောင်းခြင်းအဆင့်မှာ Tower 1 ၏ အထပ် ၂ သို့ ရောက်ရှိခဲ့ပြီး ကျန်ရှိသည့် တာဝါများတွင်လည်း အထပ် ၅ ထိ ရောက်ရှိနေပြီ ဖြစ်ပါသည်။ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ရေပိုက်လုပ်ငန်းများမှာ Tower 1၊2 နှင့် 3 တို့တွင် ပထမနှင့်ဒုတိယအဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

 

မြေအောက်ခန်း



မြေအောက်ခန်း အထပ် ၁ မှ ၄ အထိ ကွန်ကရစ်လောင်း တည်ဆောက်ခြင်းများပြီးစီး၍ အထပ် ၅တွင်မူ တူးဖော်ရေးလုပ်ငန်းစဉ်များကို စတင်ပြီးဖြစ်ပါသည်။ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်နှင့်ရေပိုက်တပ်ဆင်ခြင်း အပိုင်းများမှာ မြေအောက်ခန်း B1 နှင့် B2 အထပ်များတွင် အဆင့် ၁ နှင့် ၂ နှစ်ခုစလုံးကို စတင်လုပ်ဆောင် လျက်ရှိ ပါသည်။


 

Yoma Land ၏ ဝန်ထမ်းအင်အား


Cindy Chick

ကျွန်တော်တို့အနေဖြင့် Mrs Cindy Chick ကို ကျွန်တော်တို့အဖွဲ့၏ နိုင်ငံတကာဈေးကွက်များအတွက် Residential Sales Director အသစ် အဖြစ် မိတ်ဆက်ပေးရသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ Cindy သည် ဖူးခက်ရှိ JW Marriott ၏ Marriott Vacation Club တွင် အိမ်ခြံမြေကျွမ်းကျင်ပညာရှင်အဖြစ် အာရှ-ပစိဖိတ်ဒေသအတွက် တာဝန်ယူလုပ်ကိုင်ခဲ့သော ၁၀ နှစ်တာအတွေ့အကြုံရှိသူဖြစ်ပါသည်။ သူမ၏ sale နှင့်ပတ်သက်သည့် အသိအမြင်များအပြင် Cindy သည် မန်းဒရင်း၊ ထိုင်းနှင့် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကောင်းမွန်သောဘာသာစကားစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ Yoma Land ၏ မိသားစုဝင်တစ်ဦး ဖြစ်လာရန်နှင့် နိုင်ငံတကာဈေးကွက်ကို ဦးတည်အာရုံစိုက်သည့် Peninsula Residences Yangon နှင့် Pun Hlaing Estate တို့၏ အရောင်းပွဲများနှင့် အခမ်းအနားများကို စီမံခန့်ခွဲရန် Cindy သည် စိတ်လှုပ်ရှားလျက်ရှိနေပါသည်။


bottom of page