Yoma Central စီမံကိန်း နိုဝင်ဘာလထုတ် စာစောင်



ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များခင်ဗျာ။


ဒီလထဲမှာဆိုရင်တော့ ကျွန်တော်တို့ သတင်းကောင်းတွေ အများကြီးကို ဝေမျှပေးချင်ပါတယ်။ ပထမဆုံးသတင်းကောင်းအနေနဲ့ ကျွန်တော်တို့ Yoma Central ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ ယခုလက်ရှိမှာဆိုရင် အစိုးရမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို သေသေချာချာလိုက်နာကျင့်သုံးလျက်ရှိပြီး ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေပြီ ဖြစ်ကြောင်း အားလုံးကို ဝမ်းမြောက်စွာ သတင်းကောင်းပေးချင်ပါတယ်။ အစိုးရမှ ရန်ကုန်မြို့အတွက် ထုတ်ပြန်ထားတဲ့ မိမိအိမ်တွင်သာ နေထိုင်ရမည့် ထုတ်ပြန်ချက်အရ စက်တင်ဘာလ၊ ၂၄ ရက်မှ စတင်၍ အောက်တိုဘာလ၊ ၂၂ ရက်အထိ ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို ခေတ္တရပ်ဆိုင်းထားစေခဲ့ပြီး ၄င်းကာလအတွင်း ကျွန်တော်တို့၏ အဖွဲ့များသည် လုပ်ငန်းခွင်ပြင်ပတာဝန်များကိုသာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့၏ ကန်ထရိုက်တာများနှင့်လည်း နီးကပ်စွာညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူမှုတွင် သေချာစွာအာရုံစိုက်ခြင်းအားဖြင့် စီမံကိန်းအတွက် ဖြစ်ပေါ်လာနိုင်သည့် မလိုလားသော သက်ရောက်မှုများကို လျှော့ချနိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကို အောက်ဖော်ပြပါအတိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ နောက်ဆုံးတိုးတတ်မှုအခြေအနေများတွင်လေ့လာနိုင်ပါတယ်။

ထို့အပြင် ကျွန်တော်တို့ရဲ့ စီမံကိန်းက Property Guru Asia Myanmar Property Awards ရဲ့ ကဏ္ဍ ၃ခုမှာ စကာတင်စိစစ်ရွေးချယ်ခံရကြောင်း ဝမ်းမြောက်စွာ သတင်းကောင်း ဝေမျှချင်ပါတယ်။ ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဆုချီးမြှင့်တဲ့ လူကြီးမင်းများက ကျွန်တော်တို့ကို အသိမှတ်ပြုပေးတာကြောင့် အလွန် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။


နောက်ဆုံးအနေနဲ့ Yoma Central ၏ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် နောက်ထပ်ခြေလှမ်း တစ်ခုဖြစ်တဲ့ IFC မှ EDGE Certificate ရရှိရန် ကျွန်တော်တို့၏ စီမံကိန်းကို ထောက်ပံ့ကူညီပေးနေသော Assistant Compliance and Approval/Social Manager - Alexander Kyaw Thiha Hla Myint ကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။


အခြားသိရှိလိုသည့် မေးခွန်းများ၊ မှတ်ချက်များရှိပါက ကျွန်တော်တို့အား အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။


အားလုံးပဲ ကျန်းမားပျော်ရွှင်ပါစေ။


Yoma Central Team

ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ နောက်ဆုံးတိုးတတ်မှုအခြေအနေသတင်းများ

ကန်ထရိုက်တာလုပ်ငန်း ခန့်အပ်ဆောင်ရွက်မှုများ


တာဝါ၂ အတွက် ကျွန်တော်တို့အဖွဲ့သားများနှင့်အတူ ကန်ထရိုက်တာများသည် နေရာချမှတ်ရေးများ အတူတကွ လုပ်ကိုင်နေပြီးဖြစ်ပြီး ယခုအခါ အသေးစိတ်လုပ်ငန်းခွင်သုံး drawing များကိုစတင်ရေးဆွဲနေပြီဖြစ်ပါသည်။ ကျွန်တော်တို့၏ ကန်ထရိုက်တာများသည် Gas Insulated Switchgear (GIS) များကိုလည်း လုပ်ငန်းခွင်တွင် အောင်မြင်စွာပို့ဆောင်ခဲ့ပြီး တပ်ဆင်ပေးခဲ့ပြီး ဖြစ်သည်။ ခေတ်မှီ GIS စနစ်သည် ကျွန်တော်တို့အား ဓာတ်ငွေ့အသုံးပြုမှုနှင့် ဆက်စပ်သောလုပ်ငန်းများ၏ အန္တရာယ်လုံခြုံမှုကို တိုးမြှင့်စေရုံသာမက ပြုပြင်ထိန်းသိမ်းရခြင်းနှင့် ကုန်ကျစရိတ်များကိုလည်း လျော့ကျစေနိုင်ပြီး စီမံကိန်း၏အကျိုးစီပွားရေရှည်တည်တံ့မှုကို တိုးတက်စေပါသည်။

ထို့အပြင် ရန်ကုန်မြို့သည် လုံခြုံစိတ်ချရသော ဓာတ်ငွေ့ထောက်ပံ့မှုကို မရရှိနိင်သေးတာကြောင့် ကျွန်တော်တို့သည် နောက်ဖွင့်မည့် F&B ဆိုင်များတွင် လောင်စာဆီသုံးဓာတ်ငွေ့ Liquified Petroleum Gas (LPG) ပိုက်လိုင်းတပ်ဆင်မှုကို ယခုလတွင်စတင်တပ်ဆင်နိုင်ရန် စီစဉ်ထားသည်။


လုပ်ငန်းသုံး သတ္တုကုန်ကြမ်းများ


လုပ်းငန်းခွင်၌ လိုအပ်သော သတ္တုကုန်ကြမ်းများဖြစ်တဲ့ facade materials (မျက်နှာစာပစည်း) များကို တာဝါ (၁) ၏ (၁၁) လွှာ၊ တာဝါ (၂) ၏ (၁၀) လွှာ နှင့် တာဝါ (၄) ၏ (၈) လွှာ အထိ ဆောက်လုပ်နိုင်ရန် ဝယ်ယူပြီး ဖြစ်သည်။ ထို့အပြင် တာဝါ (၁) ၏ (၁၉) လွှာ ၊ တာဝါ (၂) ၏ (၂၂) လွှာ၊ တာဝါ (၃) ၏ (၉) လွှာ၊ နှင့် တာဝါ (၄) ၏ (၁၄) လွှာ ဆက်လက်ဆောက်လုပ်နိုင်ရန်အတွက်လည်း လိုအပ်သောအခြား သတ္တုကုန်ကြမ်းများကို ဝယ်ယူပြီး ဖြစ်ပါသည်။



Bird-eye view on the project site

တာဝါ (၁) - The Peninsula Residences Yangon



တာဝါ (၁) အဆောက်အဦ၏ (၁၇) လွှာတွင် ကျောက်ပြားတပ်ဆင်ခြင်းများ စတင်ဆောက်လုပ် နေပြီဖြစ်သည်။ ၆လွှာ၏မျက်နှာစာတွင် unitized wall panel (UWP) များ ကိုလည်းတပ်ဆင်ပြီး UWP ကို (၇) လွှာတွင် အစပြုလုပ်ဆောင်နေပြီ ဖြစ်သည်။ လတ်တလောတွင် ၈လွှာ၌ အုတ်စီခြင်းလုပ်ငန်း များပြုလုပ်နေသည်။


တာဝါ (၂) - Westin Hotel



ဟိုတယ်၏ (၁၂) လွှာ တွင်ရှိသောကျောက်ပြားတပ်ဆင်ခြင်း ပြီးဆုံးသွားပြီးနောက် (၁၃) လွှာတွင် စတင်တပ်ဆင်နေပြီဖြစ်သည်။ မြေအောက်လွှာနှင့် (၂) လွှာရှိ အုတ်စီခြင်းလုပ်ငန်းများကို ယခုလက်ရှိတွင် လုပ်ဆောင်နေသည်။


Office Tower 3 and Westin Tower 2 view from L8


တာဝါ ၃/၄ - ရုံးများ



တာဝါ (၃) ၏ (၆) လွှာနှင့် တာဝါ (၄) ၏ (၈) လွှာတွင် ကျောက်ပြားတပ်ဆင်ခြင်း စတင်ဆောက်လုပ်နေပြီဖြစ်သည်။


St. Gabriel ဘုရားကျောင်း


YCP လုပ်ငန်းခွင်နှင့် ကပ်လျက်ရှိသော ဘုရားကျောင်းအကြားရှိ နယ်နိမိတ်နံရံနှင့် ပတ်သက်သည့်ကိစ္စများ ပြေလည်စွာ ဖြေရှင်းပြီး ဖြစ်ပါသည်။ နယ်နိမိတ်နှစ်ခုကြား ခြံစည်းရိုး တည်ဆောက်ခြင်းနှင့် ဆောက်လုပ်ရေးနေရာ ချဲ့ထွင်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ယခုနောက်ဆုံးတိုးတတ်မှုအခြေအနေအရ ခြံစည်းရိုးနံရံဆောက်လုပ်ခြင်းနှင့် ၎င်း၏နေရာ အနီးတစ်ဝိုက်ရှိ ဆောက်လုပ်ရေးတည်ဆောက်ပုံများအပေါ် မူတည်၍ လုပ်ဆောင်ရန် ကျန်ရှိနေသည့် အလုပ်အားလုံးကို ယခုယာယီဆိုင်းငံ့ထားလျက်ရှိပါသည်။

ထူးချွန်ဆု ဆန်ခါတင်ရွေးချယ်ခံရခြင်း



ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့ရဲ့ Yoma Centralစီမံကိန်းက Property Guru Asia Myanmar Property Awards ရဲ့ ကဏ္ဍ ၃ခုမှာ စကာတင်စိစစ်ရွေးချယ်ခံရကြောင်း ဝမ်းမြောက်စွာ သတင်းကောင်း ဝေမျှချင်ပါတယ်။ ၄င်းတို့မှာ Best Mixed-Use Development, Best Retail Development နှင့် Best Office Development တို့ဖြစ်ပါတယ်။ ထို့အပြင် The Property Guru Asia Property Awards ဆုပေးပွဲအခမ်းအနားသည် သက်ဆိုင