• Yoma Land

Yoma Central စီမံကိန်း တိုးတက်မှု အစီရင်ခံစာနှင့်COVID-19 နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုများ

Updated: Jun 23

ကျွန်တော်တို့ Yoma Central ရဲ့ မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများ နဲ့ မိတ်ဖက်များခင်ဗျာ


ဒီလိုခက်ခဲတဲ့ကာလမှာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး မိတ်ဆွေတို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေမယ်ဆိုတာကို ကျွန်တော်တို့ သိရှိနားလည်ပါတယ်။ ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိမှာ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ လုပ်သားတွေအတွက် ဘယ်လိုမျိုး ကာကွယ်မှုတွေဆောင်ရွက်ပေးထားတယ်ဆိုတဲ့အကြောင်း အသိပေးလိုပါတယ်။


ကျွန်တော်တို့ရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်မှုတွေကို အန္တရာယ်အကင်းဆုံးဖြစ်မယ့် နည်းလမ်းတွေသုံးပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဆွေတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်စေဖို့အတွက် အခက်အခဲအကျပ်အတည်းနဲ့ ကြုံရတဲ့အချိန်မှာ ဆောင်ရွက်ရမယ့် နည်းလမ်းအစီအစဉ် Crisis Management Plan ကိုလည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါကိုတော့ ပူးတွဲပါ Yoma Central စီမံကိန်းတိုးတက်မှုအခြေအနေအစီရင်ခံစာမှာ ကြည့်ရှုနိုင်ပါတယ်။


ကျွန်တော်တို့က Yoma Strategic Holdings ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိနေတဲ့ Yoma Land ရဲ့ အဖွဲ့ဝင်လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့လုပ်ငန်းစုအနေနဲ့ လက်ရှိအခြေအနေအတွက် ဝန်ထမ်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ မိတ်ဖက်တွေနဲ့ အတူရင်ဆိုင်သွားမယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီအသိုင်းအဝိုင်းလေးထဲကသူတွေရဲ့ လိုအပ်ချက်တွေကို အချိန်မရွေး ရတဲ့နည်းလမ်းနဲ့ ကူညီဖြည့်ဆည်း ထောက်ပံ့ပေးသွားဖို့လည်း ကတိကဝတ်ပြုပါတယ်။


ဒီလိုအကျပ်အတည်းကာလမှာ ကျွန်တော်တို့လုပ်ငန်းစုက အလုပ်သမားတွေအတွက် ယာယီနေထိုင်ဖို့နေရာ၊ အွန်လိုင်းကနေ ကျန်းမာရေးဆွေးနွေးပေးတဲ့အစီအစဉ်၊ COVID-19 ရဲ့ နောက်ဆုံးရသတင်းတွေကို မျှဝေပေးမယ့် Yoma Connect App တို့အပါအဝင် အခြားသော အရေးပေါ်ခံစားခွင့်တွေ ပေးထားပါတယ်။ ဒါ့အပြင်

အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းတွေကို လစာအပြည့်ပေးတယ်။ စွမ်းဆောင်ရည်အလိုက်ပေးအပ်တဲ့ နှစ်ကုန်အပိုဆုကြေးတွေကိုလည်း ကြိုပြီး ထုတ်ပေးတဲ့အပြင် အရေးပေါ်ချေးငွေတွေလည်း ဖန်တီးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ HR အဖွဲ့က ဝန်ထမ်းတွေရဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုတွေ၊ ဘာသာစကားကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးဖို့အတွက် အွန်လိုင်းကနေသင်ကြားနိုင်မယ့် Portal ကိုလည်း စီစဉ်ပေးခဲ့ပါတယ်။


ကျွန်တော်တို့နဲ့ လုပ်ငန်းစုတူကုမ္ပဏီတွေက လူမှုဝန်ထမ်းတွေနဲ့ ကျန်းမာရေးနယ်ပယ်မှာ တာဝန်ထမ်းဆောင် နေကြသူတွေအတွက် အစားအသောက်လှုဒါန်းတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်နေကြပါပြီ။ နိုင်ငံတော်ရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတဲ့အနေနဲ့ အသက်ရှူစက်၊ လူနာစောင့်ကြည့်စက်တွေ၊ တကိုယ်ရေသုံးပစ္စည်းအစုံတွေ နဲ့ Face masks တွေအပါအဝင် အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေးနယ်ပယ်သုံးပစ္စည်းတွေကို Yoma Group ရဲ့ စီမံမှုအောက်က အခြားသော ကုမ္ပဏီတွေနဲ့ အတူ ကျွန်တော်တို့လက်တွဲလှုဒါန်းခဲ့ပါသေးတယ်။


တကယ်ဆို ဧပြီလဆိုတာ မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော် ဆင်နွဲကြတဲ့ လတစ်လ ဖြစ်လို့ ပျော်စရာ၊ စိတ်ရွှင်လန်းစရာကောင်းတဲ့ လတစ်လဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် အစိုးရက ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို တားမြစ်ထားတာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ နှစ်သစ်ကို အရင်ကနဲ့မတူတဲ့နည်းလမ်းတွေနဲ့ ကြိုဆိုကြရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ကြင်နာမှုတွေ၊ ရက်ရောမှုတွေပြရင်း လက်ရှိရရှိထားတဲ့အခြေအနေကို အသိအမှတ်ပြုကျေးဇူးတင်ရင်း ကျွန်တော်တို့နဲ့အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွဲကြဖို့ တိုက်တွန်းလိုက်ပါ တယ်။


အတူဆောင်ရွက်ကြတဲ့အခါ တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကို အားလုံးရဲ့အင်အား၊ ဖြေရှင်းနိုင်စွမ်းတွေနဲ့အတူ ဖြတ်ကျော်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။


အန္တရာယ်ကင်းအောင် ဂရုတစိုက်ရှိကြပါ။ အဆက်အသွယ်အမြဲရှိနေချင်ပါတယ်။ မေးခွန်းတွေများ ရှိခဲ့မယ် ဆိုရင်လည်း ကျွန်တော်တို့က အမြဲတမ်း ဝမ်းမြောက်ဝမ်းသာလက်ခံဖြေဆိုပေးဖို့ ကူညီပေးဖို့ အသင့်ရှိ နေကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ။



Stephen Purvis

Head of Yoma Land



© 2020 by Yoma Land. All rights reserved. Tel: (951) 368 7766

  • LinkedIn
  • Facebook