Yoma Central စီမံကိန်း ဂျူလိုင်လထုတ်စာစောင်

ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များ ခင်ဗျာ
ကျွန်တော်တို့ မိတ်ဆွေတို့ရဲ့ မှတ်ချက်တွေကို သေသေချာချာ နားထောင်ပြီးတော့ ကျွန်တော်တို့ရဲ့လစဉ် စာစောင်ကို ချုံ့လိုက်ပြီး Yoma Central စီမံကိန်းရဲ့ တိုးတက်မှုတွေကိုပဲ အလေးပေးဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ၊ ဝန်ထမ်းမိတ်ဆက်ကဏ္ဍတွေ၊ စီမံကိန်းသတင်းတွေ စတဲ့ အခြားသတင်းအချက်အလက်တွေကိုတော့ နှစ်လတစ်ကြိမ်သာ ဖော်ပြသွားမှာဖြစ်ပြီး ဒီလကုန်ပိုင်းလောက်မှာ စတင်မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းရှည်ဆောင်းပါးတွေနဲ့ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ ကျွန်တော်တို့ကို လူမှုကွန်ရက်မှာ follow လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ Facebook နဲ့ LikendIn စာမျက်နှာတွေရဲ့ လင့်ခ်တွေကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
တကယ်လို့များ သိချင်တာတွေရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့က ကူညီဖို့ အသင့်ရှိနေပါတယ်။
ကျေးဇူးတင်စွာဖြင့်
Yoma Central စီမံကိန်းအဖွဲ့
ဂျွန်လကုန် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ တိုးတက်မှုအခြေအနေ
တာဝါ (၁) - The Peninsula Residences Yangon

တာဝါ (၁) သည် ၈ လွှာအထိ ပြီးမြောက်ပြီဖြစ်ကာ ၉လွှာကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ အေဆောက်အဦး၏ အမြင့်သည် ကပ်ရပ်ရှိ ဟိုတယ်ထက် ၃ လွှာ ပိုမို မြင့်မားနေပြီလည်း ဖြစ်သည်။ ပထမဆုံး မျက်နှာစာအလှဆင်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီဖြစ်ကာ အကောက်ခွန်ရှင်းလင်းခြင်းအတွက် စောင့်ဆိုင်းလျက်ရှိသည်။
TOWER 2 – Westin Hotel

တာဝါ (၂) ၏ ကြမ်းခင်းဆောက်လုပ်ခြင်းမှာ ၆ လွှာအထိ ရောက်ရှိလာပြီဖြစ်ကာ သံထည်လုပ်ငန်းမှာ ၇ လွှာထိ ရောက်ရှိနေပြီဖြစ်သည်။ ၅ လွှာရှိ ဟိုတယ်ရေကူးကန်ကိုလည်း စတင်ပုံဖော်နေပြီဖြစ်သည်။
TOWER 3 – ရုံးခန်းများ

ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အနောက်မြောက်ထောင့်ရှိ အဓိက ဓါတ်အားပေးရုံ ဆောက်လုပ်ခြင်း ပြီးစီးပြီဖြစ်ကာ အဓိကဓါတ်အားပေးစက် နှင့် အခြား အတွင်းပိုင်းစက်ပစ္စည်းများကို စတင်တပ်ဆင်နေပြီဖြစ်သည်။ အဆိုပါပစ္စည်းများတွင် ဓါတ်အားပျက်တောက်ချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးကို ဓါတ်အားပေးမည့် အရံဓါတ်အားပေးစက်များ ပါဝင်သည်။ The Peninsula Residences Yangon ၏ မျက်နှာစာသုံးပစ္စည်များကဲ့သို့ပင် ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း၏ ဓါတ်အားပေးရုံအခွဲအတွက် ဓါတ်အားပေးစက်များသည် ရန်ကုန်ဆိပ်ကမ်းတွင် အကောက်ခွန်ရှင်းလင်းရေးကို စောင့်ဆိုင်းလျက်ရှိသည်။
တာဝါ (၃) ၏ တောင်ဘက်သံထည်လုပ်ငန်းမှာ ၇ လွှာအထိရောက်ရှိလာပြီဖြစ်ပြီး ၃ လွှာနှင့် ၄ လွှာရှိ ဈေးဝယ်လျှောက်လမ်းများကို ဆောက်လုပ်ပြီးဖြစ်သည်။
TOWER 4 – ရုံးခန်းများ

တာဝါ (၄) ၏ သံထည်လုပ်ငန်းသည် ၆ လွှာ နှင့် ၇ လွှာ ကြား ရောက်ရှိနေပြီဖြစ်ကာ ကြမ်းခင်းခြင်း လုပ်ငန်းစဉ်မှာ ၅ လွှာသို့ ရောက်ရှိနေပြီဖြစ်သည်။ အဓိကဈေးဝယ်လျှောက်လမ်းမှာ ၂ လွှာ နှင့် ၃ လွှာတို့တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် ဈေးဆိုင်ကြမ်းခင်းများကို နေရာချနေပြီဖြစ်သည်။ Yoma Central စီမံကိန်း နှင့် The Peninsula Hotel Yangon တို့ကြားရှိ ဈေးဝယ်လျှောက်လမ်းကိုလည်း စတင်ဆောက်လုပ်နေပြီဖြစ်သည်။
မြေအောက်ခန်းဆောက်လုပ်ခြင်းမှာ B4 သို့ ရောက်ရှိနေပြီး မြေတူးခြင်းလုပ်ငန်းစဉ်မှာလည်း ပြီးစီးလုနီးဖြစ်သည်။ ဆိုလိုသည်မှာ ကွန်ကရစ်လုပ်ငန်းစတင်လုပ်နိုင်ပြီဖြစ်သည်။
B1 ရှိ လျှပ်စစ်နှင့်စက်မှုလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ တာဝါများ၏ အစိတ်အပိုင်းများနှင့် အတွင်းပိုင်းဘလော့တုံးများကို စတင်တည်ဆောက်နေပြီဖြစ်သည်။