top of page

Yoma Central စီမံကိန်း ဒီဇင်ဘာလထုတ် စာစောင်

ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များခင်ဗျာ။


ယခုလဟာ Yoma Central အသင်းအတွက် အားတက်ဖွယ်လတစ်လ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေဖြင့် အာရှ - ပစိဖိတ်ဒေသတွင်း ဆုတစ်ခု နှင့်ပြည်တွင်းဆုသုံးခုရရှိထားပြီး အကြောင်းအရာ အသေးစိတ် ကို သတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ အခုလို ဆုတွေရရှိတာက ဆုရရှိရုံ သက်သက်မဟုတ်ပဲ နိုင်ငံတကာရဲ့ အသိအမှတ်ပြုချင်းကိုလည်း ခံရစေပါတယ်။ အပြည်ပြည်ဆိုင်ရာလက်လီကုန်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများကိုဆွဲဆောင်နိုင်ဖို့ အရေးကြီးတဲ့ အချက်အလက်တစ်ခုလည်း ဖြစ်ပါတယ်။ အခက်အခဲများနှင့် နှစ်တစ်နှစ်ကို အဆုံးသတ်နေချိန်မှာ ကျွန်တော်တို့က ရန်ကုန်မြို့ကြီးကို အရေးကြီးတဲ့ စျေးကွက်တစ်ခုဖြစ်လာစေရန် လုပ်ဆောင်နေပါတယ်။


ကျွန်တော့်အနေဖြင့် သင်နှင့်သင်ချစ်ရသူတွေ ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်ဖြစ်စေရန် ဆုမွန်ကောင်းတောင်းချင်ပါတယ်။ ပျော်ရွှင်မှု၊ ရယ်မောခြင်းတို့နှင့် ပြည့်စုံတဲ့ ခရစ်စမတ်နေ့လေးကို ဖြတ်သန်းနိုင်ပါစေ။ နှစ်သစ်ကူးမှာ စိတ်၏ချမ်းသာခြင်၊ းကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်ဝနိုင်ဖို့ရန် ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


ရန်ကုန်မြို့ကြီး အန္တရာယ် ကင်းပါစေ။


Stephen Purvis Head of Yoma Land

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်၏နောက်ဆုံးတိုးတတ်မှုအခြေအနေသတင်းများ


ကျွန်တော်တို့သည် Yoma Central ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စက်တင်ဘာလနှောင်းပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး တိုးတက်မှုများစွာ ရရှိနိုင်ခဲ့ပါသည်။ ကျွန်တော်တို့အနေဖြင့် တင်းကျပ်သောဘေးကင်းလုံခြုံရေးအစီအမံများအောက်တွင် ကုန်ထုတ်လုပ်မှုကို ပုံမှန်ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ The Peninsula Residences Yangon (တာဝါ ၁) တွင် တစ်လလျှင် ၄ လွှာ နှုန်းဖြင့် ကျောက်ပြားတပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်နိုင်ခဲ့ပြီး မကြာမီ ၂၁ လွှာထိ ပြီးစီးလိမ့်မည် ဖြစ်သည်။ အပြိုင်လိုက်နေသည့် Westin Yangon (တာဝါ ၂) တွင် ၇ လွှာ ထိ ကြမ်းခင်းလောင်းခြင်းလုပ်ငန်းကို ၂ လကျော်အတွင်း ပြီးစီးခဲ့သည်။ ဤသည်မှာ တစ်လလျှင်ပျမ်းမျှအားဖြင့် ၃.၅ လွှာထိ ကြမ်းခင်းလောင်းခြင်းလုပ်ငန်း ပြီးစီးခြင်းကို ဖော်ညွှန်းနေသည်။


Tower 1 – The Peninsula Residences Yangon
Tower 1 – The Peninsula Residences Yangon

တာ၀ါ (၁) - The Peninsula Residences Yangon


တာဝါ (၁) ၏ အဆောက်အဦ၏ ကြမ်းခင်းလောင်းခြင်းလုပ်ငန်းမှာ အလွှာ ၂၀ ထိ ရောက်ရှိနေပြီဖြစ်သည်။ ၂၁ လွှာ ကိုလည်း ဒီဇင်ဘာ ၁၇တွင် လုပ်ဆောင်ရန် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ပြီး ဖြစ်သည်။ ၇ လွှာ မှ ၁၂ လွှာ အထိ ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ၆ လွှာ မှ ၁၀ လွှာ အထိ မျက်နှာစာတွင် unitised wall panel (UWP) များကို အသေအချာ တပ်ဆင်ပြီး ဖြစ်သည်။ လတ်တလောတွင် ၅ လွှာ မှ ၁၁ လွှာ ထိနှင့် ၁၄ လွှာ တို့တွင် ဘလော့များပြုလုပ်နေသည်။


Tower 2 L18 slab (15-19D-G), rebar installation work
Tower 1 L20 slab (T7-T9TA-TE), rebar installation work


တာ၀ါ (၂) - Westin Hotel


ကျွန်ုပ်တို့သည် ၁၈ လွှာ တွင် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို Basement ၁ မှ ၅ လွှာ အထိ လုပ်ဆောင်လျက် ရှိသည်။ မျက်နှာစာတွင် unitised wall panel (UWP) တပ်ဆင်ခြင်းကို စတင်နေပြီ ဖြစ်ပြီး Basement ၁ မှ ၂ လွှာ အထိ ဘလော့များပြုလုပ်နေသည်။ လတ်တလောတွင် ID ကန်ထရိုက်တာသည် လုပ်ငန်းများစတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး စာရွက်စာတမ်းများ စစ်ဆေးကာ တင်သွင်းရန် အစီအစဉ်ရေးဆွဲနေပြီ ဖြစ်သည်။


Tower 2 L18 slab (15-19D-G), rebar installation work

တာ၀ါ (၃/၄) - ရုံးများ


တာဝါ (၃) ၏ ၇ လွှာတွင် ကျောက်ပြားတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ပြီး အတွင်း အုတ်စီခြင်းလုပ်ငန်းများ၊ ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို Basement ၁ မှ ၄ လွှာ အထိ လုပ်ဆောင်နေသည်။ တာဝါ (၄) တွင် ၁၁ လွှာ ၌ ကျောက်ပြားတပ်ဆင်ခြင်းစတင်ဆောက်လုပ်နေသည်။ အတွင်း အုတ်စီခြင်းလုပ်ငန်းများကို ၂ လွှာ တွင် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ပထမဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများကို Basement ၁ မှ ၄ လွှာ အထိ လုပ်ဆောင်လျက် ရှိသည်။


Tower 3 L 5 slab (GL 2-5N-Q), formwork installation work
Tower 3 L 5 slab (GL 2-5N-Q), formwork installation work

စွမ်းအင်စင်တာ


လတ်တလောတွင် ပထမဆင့် နှင့် ဒုတိယဆင့် စက်မှု၊လျှပ်စစ်နှင့်ပိုက် တပ်ဆင်ခြင်း လုပ်ငန်းများ ကို ၁ လွှာ မှ ၅ လွှာ ထိ လုပ်ဆောင်လျက်ရှိသည်။ Chiller တပ်ဆင်ခြင်း ဆက်လက် လုပ်ဆောင်နေပြီး အအေးခန်းတာဝါမှာ ယခုလအတွင်း ရောက်ရှိလာမည် ဖြစ်သည်။


 

ဒီဇိုင်းနှင့်ဆောက်လုပ်ရေးဆန်းသစ်တီထွင်မှု : အနာဂါတ်လုပ်ငန်းခွင်



မကြာသေးမီကပြုလုပ်ခဲ့သော webinar ဆွေးနွေးပွဲ video ကို သင်မကြည့်ရသေးပါက ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ ဗြိတိသျှကူးသန်းရောင်းဝယ်ရေးကုန်သည်ကြီးများအသင်းမှ Yoma Central နှင့် ပူးပေါင်း၍ “ဒီဇိုင်းနှင့်ဆောက်လုပ်ရေးဆန်းသစ်တီထွင်မှု : အနာဂါတ်လုပ်ငန်းခွင်”​ တစ်နာရီကြာဆွေးနွေးမှုကို နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ပါသည်။ Yoma Land ၏အကြီးအကဲ Mr. Stephen Purvis နှင့် နာမည်ကြီး နာမည်ကြီးဗိသုကာပညာရှင် Cecil Balmond အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းအိမ်ခြံမြေဆောက်လုပ်ရေးနှင့်ငှားရမ်းခြင်းနယ်ပါယ်တွင်ကျွမ်းကျင်သူများကပါဝင်ဆွေးနွေးခဲ့ကြပါသည်။ Webinar သည် ကော်ပိုရိတ်အိမ်ခြံမြေကဏ္ဍ၌ ဆန်းသစ်တီထွင်မှုကို အဓိကရည်ရွယ်သည့်အလျောက် ပညာရှင်များက ဒစ်ဂျစ်တယ်ခေတ်တွင် ရုံးခန်းငှားရမ်းသူတို့၏မျှော်လင့်ချက်များ၊ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများက Covid-19နှင့် အဖွဲ့အစည်းများ၏ ဦးစားပေးဆောင်ရွက်ပုံတို့ကို အရှိန်မြှင့်တင်စေခြင်း စသည့် အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ပါသည်။


Yoma Central သည် PropertyGuru Awards ၌ ဆုလေးခု : အာရှတွင် ၁ ခုနှင့် မြန်မာနိုင်ငံတွင် ၃ ခုကို ရရှိခဲ့


Yoma Central အသင်းသည် အာရှတွင် Best Retail Development မြန်မာနိုင်ငံတွင် Best Retail နှင့် Mixed-Use Development ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ best office developmentအတွက် အားပေးထောက်ခံချက်များစွာ သည်။


PropertyGuru Myanmar Property Awards ကို နို၀င်ဘာလကုန်တွင်ကျင်းပခဲ့ပြီး ချီးမြှင့်သည့်ဆု ၂၅ ခုအတွက် ဆုရရှိသူများကိုကြေငြာခဲ့ရာ ကျွန်တော်တို့သည် ဆု ၃ ခုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ များမကြာမီပင် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် PropertyGuru Asia Property Awards အခမ်းအနားကို အွန်လိုင်းတွင်ကျင်းပခဲ့ပြီး အရှေ့တောင်အာရှ၊ တရုတ်နယ်မြေများ (တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအို)၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့၏ စျေးကွက် ၁၄ ခုမှ အကောင်းဆုံးအိမ်ခြံမြေဆောက်လုပ်ရေးနှင့်စီမံကိန်းများကို အကောင်းဆုံးဆုများ ၎င်းတို့၏တန်းတူအရည်အချင်းထက်သာလွန်ကာ "အာရှတွင်အကောင်းဆုံး" အဖြစ်သတ်မှတ်ခံခဲ့ရသည်။ အာရှတိုက်ကြီးရှိ ဤကဲ့သို့သောနာမည်ကြီးပြိုင်ဘက်များအနက် အသိအမှတ်ပြုခံရသည့်အတွက် ကျွန်ုပ်တို့အလွန်ဂုဏ်ယူမိပါသည်။


ကျွန်တော်တို့၏ ဆုများအကြောင်းပိုမိုသိရှိရန် ဤနေရာ (ပြည်တွင်းဆု) နှင့် ဤနေရာ (အာရှဆု) တွင် ကြည့်ရှုနိုင်ပါသည်။


bottom of page