top of page

Yoma Central စီမံကိန်း သြဂုတ်လထုတ် စာစောင်


ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ မိတ်ဖက်များ ခင်ဗျာ


ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ နောက်ဆုံးတိုးတက်မှုအခြေအနေတွေကို အောက်မှာ ဖတ်ရှု နိုင်ပါတယ်။


ကျွန်တော်တို့ Yoma Central ရဲ့ ဝက်ဘ်ဆိုက်အသစ်ကို ဒီလကစလို့ ဂုဏ်ယူစွာနဲ့ မိတ်ဆက်လိုက်ပါ တယ်ခင်ဗျာ။


ကျွန်တော်တို့စီမံကိန်းရဲ့ ဘက်ပေါင်းစုံက မြင်ကွင်းအသစ်၊ ရန်ကုန်မြို့လယ်မှာရှိတဲ့ နေရာ တစ်ခုကနေ မြန်မာ့စီးပွားရေး၊ လူနေမှုပုံစံနဲ့ ယဉ်ကျေးမှုတို့အပေါ် စိတ်ဝင်စားမှုတွေပိုပြီး ရှင်သန်ဖွံ့ဖြိုး လာမယ့် လူမှုပတ်ဝန်းကျင်အသစ်တစ်ခုအဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ လာရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ပလက်ဖောင်းအသစ်မှာ စိတ်ဝင်စားစရာဇာတ်ကြောင်းတွေ၊ ဝန်ထမ်းမိတ်ဆက်ကဏ္ဍတွေ၊ စီမံကိန်းသတင်းတွေကို ပုံမှန် တင်ပေးသွားမှာ ဖြစ်ပါတယ်။


အဲ့ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ တွေကို follow မလုပ်ထားရသေးရင် ဇာတ်လမ်းရှည်ဆောင်းပါးတွေနဲ့ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။


ကျွန်တော်တို့ရဲ့ Facebook နဲ့ LikendIn စာမျက်နှာတွေရဲ့ လင့်ခ်တွေကို ကြည့်ရှုနိုင်ပါတယ်။


တကယ်လို့များ သိချင်တာတွေရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့က ကူညီဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။


ကျေးဇူးတင်စွာဖြင့်

Yoma Central စီမံကိန်းအဖွဲ့


 

တာဝါ (၁) - The Peninsula Residences Yangon



တာဝါ (၁) သည် ၁၀ လွှာအထိ ပြီးမြောက်ပြီဖြစ်ကာ ၁၁ လွှာကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ The Peninsula Residences Yangon အဆောက်အဦး၏ အမြင့်သည် ကပ်ရပ်ရှိ The Peninsula Yangon

ဟိုတယ်ထက် ၆ လွှာ ပိုမိုမြင့်မားနေပြီလည်း ဖြစ်သည်။



ပထမအကြိမ်တပ်ဆင်မည့် မျက်နှာစာပစ္စည်းများသည် သွင်းကုန် အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်း ပြီးစီးကာ သိုလှောင်ခန်းတွင် ထားရှိပြီး ဆောက်လုပ်မှု ၁၃ လွှာ အထိ ရောက်ရှိရန်အတွက် စောင့်ဆိုင်း လျက်ရှိသည်။ ၆လွှာတွင် အတွင်းပိုင်းအုတ်စီခြင်း စတင်တည်ဆောက်နေပြီဖြစ်သဖြင့် အလွှာနိမ့်ရှိအခန်းများသည်လည်း လျင်မြန်စွာ ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။ လျှပ်စစ်၊ စက်မှု နှင့် ရေပိုက်စနစ်များကို ၅လွှာနှင့် ၆လွှာမှ စတင် တပ်ဆင်နေပြီဖြစ်ပြီး အလံပြဘုရားလမ်းရှိ တာဝါ (၁) ၏ ပလာဇာဧရိယာမှာ ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်သည်။


တာဝါ (၂) – Westin Hotel



တာဝါ (၂) ၏ ၆ လွှာ မှ ၉လွှာ အထိ ကြမ်းခင်းလုပ်ငန်းများသည်လည်း ပြီးမြောက်လုနီးပြီ ဖြစ်သည်။ ၅ လွှာ၏ အပြင်ဘက်ရေကူးကန်သည်လည်း ပြီးမြောက်တော့မည် ဖြစ်သည်။ လျှပ်စစ်၊ စက်မှုနှင့် ရေပိုက်စနစ် များကိုလည်း ၂ လွှာ မှ ၄ လွှာ အထိ တပ်ဆင်နေပြီ ဖြစ်သည်။


ဆိုဒ်၏ အရှေ့မြောက်ဖက်ထောင့်ရှိ အဓိက ဓာတ်အားပေးရုံ ဆောက်လုပ်ခြင်း ပြီးစီးပြီဖြစ်ကာ အဓိက ဓာတ်အားပေးစက်နှင့် အခြားစက်ပစ္စည်းများဖြစ်သော အရံဓာတ်အားပေးစက်နှင့် အအေးပေးစက်များ စတင်တပ်ဆင်နေပြီဖြစ်သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း၏ ဓာတ်အားပေးရုံအခွဲ အတွက် ဓာတ်အားပေးစက်များသည် အကောက်ခွန်ရှင်းလင်းခြင်းပြီးဖြစ်၍ ဩဂုတ်လထဲတွင် နေရာချတပ်ဆင်သွားမည်ဖြစ်သည်။


တာဝါ (၃) – ရုံးခန်းများ



တောင်ဘက်သံထည်လုပ်ငန်းမှာ ၇ လွှာ အထိရောက်ရှိလာပြီဖြစ်ပြီး ၃ လွှာနှင့် ၄ လွှာရှိ ဈေးဝယ် လျှောက်လမ်းများကို ဆောက်လုပ်နေသည်။


တာဝါ (၄) – ရုံးခန်းများ



တာဝါ၏ သံထည်လုပ်ငန်းသည် ၇ လွှာ ကျော် အထိ ရောက်ရှိနေပြီဖြစ်ကာ ကြမ်းခင်းခြင်း လုပ်ငန်းစဉ်မှာ ၆ လွှာသို့ ရောက်ရှိနေပြီဖြစ်သည်။ အဓိကဈေးဝယ်လျှောက်လမ်းမှာ ၂ လွှာ နှင့် ၄ လွှာအကြားတွင် ဆောက်လုပ်နေသည်။


မြေအောက်ခန်း


မြေအောက်ခန်းဆောက်လုပ်ခြင်းမှာ B4 အထိ ပြီးစီးပြီး B5 ဆောက်လုပ်ရန် မြေတူးခြင်းလုပ်ငန်းစဉ်ကို ဩဂုတ်လကုန်ပိုင်းတွင် စနစ်တကျ စတင်လုပ်ဆောင်မည်ဖြစ်သည်။ B1 ရှိ လျှပ်စစ်၊ စက်မှုနှင့် ရေပိုက်စနစ်များကိုလည်း စတင်တပ်ဆင်ဆောင်ရွက်နေပြီ ဖြစ်သည်။



bottom of page