Yoma Central အရောင်းပြခန်း-၁၉ ၂၀ ပြည့်နှစ်များဆီမှရှေးဟောင်းအဆောက်အအုံကို ပြန်လည်ပြုပြင်မွမ်းမံခြင်း
Updated: Jun 21, 2020

နေရာအနှံ့အပြားတွင် ကိုလိုနီခေတ် အဆောက်အအုံများဖြင့် ပြည့်နှက်နေသော ရန်ကုန်မြို့သည်ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာရှိနေပါသည်။ မြို့တော်၏ မြို့ပြမြင်ကွင်းသည် သမိုင်းဝင် အမွေအနှစ် များစွာဖြင့် ထင်ရှားမြင့်မားသည့် မိုးမျှော်တိုက်တာအဆောက်အအုံများ၊ ရှေးဟောင်းအဆောက်အဦများနှင့် ခေတ်မီနေအိမ်များကြားတွင် ပြန့်ကျဲစွာ နေရာယူထားလျက်ရှိသည်။ ခေတ်မီတိုးတက်သည့် မြို့တော် ဖြစ်လာသည်နှင့်အမျှ ထိုအဆောက်အဦများသည် အတိတ်မှသမိုင်းပုံပြင်များကို လက်ရှိမျက်မှောက်ခေတ်သို့ သယ်ဆောင်လာသည်။ ထိုကဲ့သို့သော အဆောက်အဦများအနက်မှ တစ်ခုမှာ (၂၂) ကမ္ဘာအေး ဟု လူသိများ သောနေရာဖြစ်သည်။ အုတ်ဖြင့်ဆောက်လုပ်ထားပြီး ဆွဲဆောင်မှုရှိသည့် ကိုလိုနီခေတ် အပန်းဖြေအိမ်ကြီး အဖြစ်မှ Yoma Central အရောင်းပြခန်းအဖြစ် Yoma Land မှ ပြန်လည်ထိန်းသိမ်းထားခြင်းဖြစ်သည်။ သက်တမ်းကြာမြင့်စွာ တည်ရှိခဲ့ကြသည့် ခြုံနွယ်များနှင့် နှစ်ရှည်ပင်များကိုပါ ရှင်းလင်းထိန်းသိမ်းပြီး အဆောက်အဦ:ကို အဆင့်မြှင့်တင်ကာ ပြန်လည် ပြုပြင်မွမ်းမံထားသည်။

ထို (၂၂) ကမ္ဘာအေးမြေကွက်အား ဘိုးဘွားပိုင်မြေအဖြစ်မှ လန်ဒန်အခြေစိုက် ဆန်ရောင်းဝယ်မှုကုမ္ပဏီ ဖြစ်သော Arracan Co. Ltd သို့ ဗြိတိန်ဘုရင်က ၁၉၀၀ ပြည့်နှစ် အစောပိုင်းတွင် တရားဝင်လွှဲပြောင်း ပေးခဲ့သည်။ ယင်းကုမ္ပဏီသည် ကလက္ကတား၊ ဘန်ကောက် နှင့် ဆိုင်ဂွန် (ယခု ဟိုချီမင်းမြို့) တို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ ဗြိတိသျှဘားမားမှ လက်အောက်ခံများအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီမန်နေဂျာ၏ နေအိမ်အဖြစ် ရည်ရွယ်ကာ ယနေ့ထိတိုင် မြင်တွေ့နိုင်သော ကျွန်းသစ်နှင့် အုတ်ဖွဲ့စည်းပုံများအတိုင်း အိမ်ကြီးကို တည်ဆောက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စိမ်းလန်းစိုပြေ နေသည့် ဥယျာဉ်သည် အိမ်ပေါ်သို့နွယ်တက်ကာ ရှင်သန်ပေါက်ပွားလာကြသည်။

သော်ကပန်းပင်

အုန်းငှက်ပျောပင်
၁၉၆၂ ခုနှစ်တွင် ထိုမြေနေရာအား ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဖြစ်သော Mr. Willoughby သို့လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထိုကာလမတိုင်မီက ရှုချင်စဖွယ်ဥယျာဉ်အတွင်းတွင်ရှိသည့် သော်ကပင် မှ မွှေးကြိုင်နေသော ပန်းရောင်အပွင့်များ၊ ကိုင်းခက်များဝေဆာနေသော သီဟိုဠ်ပင်၏ သီဟိုဠ်စေ့များနှင့် အုန်းငှက်ပျောပင်ရိပ် တို့ကို ခံစားရင်း ရန်ကုန်နေ့လည်ခင်းများစွာအား ကုန်ဆုံးလေ့ရှိသည့် ထိုနေရာကို ၎င်း၏အမျိုးသမီးဖြစ်သူက အမွေဆက်ခံထားခဲ့သည်။
Willoughby မိသားစု မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်တွင် အိမ်ကြီးအား ဗြိတိန်နှင့် သြစတေးလျ သံရုံးမှ မိသားစုဝင်များ အတွက် ပြုပြင်မွမ်းမံ အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါသံရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့ ပါသည်။ မြန်မာနိုင်ငံတွင် အားကစားများခေတ်စားလာသောအခါ ဥယျာဉ်၏မြင်ကွင်းနှင့်အတူ တစ်ဆက် တည်းခံစားနိုင်သည့် တင်းနစ်ကွင်းကို တည်ဆောက်ခဲ့သည်။ တစ်နေ့တွင်တော့ ဂုဏ်ယူစွာ စိုက်ထားခဲ့သော သီဟိုဠ်ပင်သည် မုတ်သုန်မိုး မုန်တိုင်းထန်စဉ်တွင် မိုးကြိုးထိကာ သစ်ငုတ်တိုဖြစ်သည်အထိ မီးလောင် ကျွမ်းသွားခဲ့သည်။

စက္ကူပန်းပင်တွယ်ကပ်ပေါက်နေသော သီဟိုဠ်ပင်
ထိုအိမ်ကြီးအား ရန်ကုန်၏ ပထမဦးဆုံးသော ပြင်သစ်စားသောက်ဆိုင်ဖြစ်သည့် Le Planteur သို့ ၂၀၀၆ ခုနှစ်တွင် လွှဲပြောင်းပေးစဉ်က အုန်းငှက်ပျောပင်ကြီးမှာ ၁၅ ပေခန့် မြင့်မားစွာပေါက်နေပါပြီ။ ထို့နောက် အိမ်ကြီးသည် ဥယျာဉ်တစ်ခုလုံးကို အုပ်မိုးလျက်ရှိသော သော်ကပင်အောက်မှ ချစ်ကြည်နူးဖွယ်ရာ ညစာ စားပွဲများဖြင့် တစ်ဖန်ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။ နာဂစ်ဆိုက်ကလုန်းတိုက်ခတ်စဉ်တွင် သီဟိုဠ်ပင်ဟောင်းမှာ အမြစ်မှ ကျွတ်ထွက်ပါသွားသောကြောင့် ပြန်လည်စိုက်ပျိုးခဲ့ရသည်။ အချိန်ကြာလာ သောအခါ စက္ကူပန်းပင်သည်လည်း ၏ သစ်ခေါက်များပေါ်သို့ နွယ်တက်ကာ တဖြည်းဖြည်းကြီးထွား လာပါသည်။
ရာစုနှစ်တစ်ခုနီးပါးကြာမြင့်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အဆိုပါ အဆောက်အအုံကို Yoma Land ၏ ဦးဆောင်သူဟောင်းတဖြစ်လဲ ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် Stephen Purvis က Yoma Cental စီမံကိန်းပြခန်းအဖြစ် ပြန်လည်အသုံးပြုနိုင်ရန် အခွင့်အရေးရခဲ့သည်။ ရှေးဟောင်းအဆောက်အအုံကို ပြန်လည်မွမ်းမံနေစဉ်က အကြောင်းများပြန်လည်ပြောဆိုကြရာတွင် Stephen က "ဒီလိုအဆောက်အအုံကို ပြန်လည်မွမ်းမံရတဲ့အလုပ်က ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ထားတဲ့အလုပ်ဖြစ်ပါတယ်။ ဒီလိုအလုပ်မှာ နည်းပညာပိုင်းအသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ စိတ်ရှည်သည်းခံခြင်းတွေ ပေါင်းစပ်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီနေရာရဲ့ အသက်ဝိဉာဉ်ကို လေးစားရမယ်။ အတင်းအကြပ်မလုပ်ရဘူး။ ကုမ္ပဏီရဲ့အခြားသော စီမံကိန်းအကြီးစားတွေနဲ့ ယှဉ်လိုက်ရင် သေးသေးလေးဖြစ်ပေမယ့် ဒါက အရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ တကယ်တော်ကြတဲ့သူတွေနဲ့ တစ်ဖွဲ့တည်းအလုပ်လုပ်ခဲ့ရတာ အလုပ်သဘောအရမဟုတ်ဘဲ တကယ် စိတ်ရင်းနဲ့ ဝမ်းသာပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကူညီဖြေရှင်းပေးရင်း၊ ဝန်ထမ်းတွေနဲ့ အနုပညာလက်ရာရှင်တွေကို အားပေးရင်း စနေနေ့တိုင်း ဒီမှာအချိန်ကုန်ဆုံးခဲ့တာ" ဟု ပြန်လည်ပြော ပြခဲ့သည်။

နံရံပေါ်နွယ်တက်လျက်ရှိသည့် အပင်များ

အသေးစိတ် ဒီဇိုင်း လက်ရာများ
ပြန်လည်ပြုပြင်မွန်းမံရေးစီမံကိန်းကို ဆောင်ရွက်နေစဉ်တွင် ခေါင်းဆောင်ကောင်းများအကြောင်း ဇာတ်လမ်း များ ပေါ်ထွက်လာခဲ့သည်။ Charles Kinnear နှင့် ဗိသုကာပညာရှင် William Gilchrist တို့က ပွန်းရာခြစ်ရာများ ဖြစ်နေသည့် ကျွန်းသစ်ကြမ်းခင်း၊ ယိုစိမ့်နေသော သွပ်မိုး၊ ကွဲကြေနေသော ပြတင်းပေါက်မှန်များနှင့် ကြွပ်ခြောက်ကာ ကွာကျနေသော မျက်နှာကျက်နှင့် နံရံဆေးများကို ဒေသခံများ၊ လက်မှုပညာရှင်များနှင့် မြန်မာကန်ထရိုက်တာအဖွဲ့ဝင်များအားလုံး၏ အကူအညီဖြင့် ယခင်မူလပုံစံအတိုင်း ပြန်လည်ပြုပြင် နိုင်ခဲ့သည်။ ထိုသူများတွင် အိမ်တွင်းအလှဆင်ဒီဇိုင်းပညာရှင်အဖြစ် ကျော်ကြားပြီး အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေ ၂၀၁၉ APAC မှ ချီးမြှင့်သည့် Best Leisure Interior ဆုကို ရရှိထားသော M. Interior Design ကို တည်ထောင်သူ မြမဉ္ဇူလည်း ပါဝင်သည်။

မြမဉ္ဇူ ( M Interior Design တည်ထောင်သူ)
“အဲ့ဒီအချိန်တွေကို ပြန်တွေးကြည့်ရင် ကျွန်းသစ်နဲ့ပါကေးခင်းတဲ့ ပညာရှင်တွေကနေပြီး အုတ်ဟောင်းစီသူ အထိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက အသေးစိပ် ဂရုတစိုက်လုပ်ခဲ့ကြတယ်။ မြဆိုရင် ကျောက်သား ကြမ်းပြင်ကို သရွတ်ကိုင်တဲ့အချိန်မှာ အိပ်ရေးတွေတောင်ပျက်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကန်ထရိုက်တာတွေ အားလုံးက နိုင်ငံခြားလုပ်သားမပါဘဲ ၁၀၀% မြန်မာကန်ထရိုက်တာတွေပါ။” ဟု William က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

စိတ်တိုင်းကျရွေးချယ်ထားသော နံရံကပ် စက္ကူ

ဆောက်လုပ်ရေးလုပ်ငန်းခွင် နှင့်မြမဉ္ဇူ
“ဒါက ကျွန်မအတွက်တော့ တာဝန်အရလုပ်ရတဲ့ အလုပ်ဆိုတာထက်ပိုတဲ့အပြင် ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ကိုလုပ်ရတဲ့ အလုပ်သမားတွေရဲ့ စေတနာနဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း အများကြီးပါပါတယ်။ နည်းပညာဆိုင်ရာစိန်ခေါ်မှုရှိတဲ့ ဒီဇိုင်းတွေကို ပြည်တွင်းအဖွဲ့အစည်း၊ လက်မှုပညာရှင်တွေ၊ ပံ့ပိုးကူညီသူ တွေနဲ့အတူ ကမ္ဘာ့အဆင့်မီ စနစ်တကျလုပ်ကိုင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆုံးကျွမ်းကျင် ပညာရှင်တွေနဲ့ပါ လက်တွဲလုပ်ကိုင်ခွင့်ရတဲ့ မြန်မာဒီဇိုင်နာတစ်ယောက်ဖြစ်လို့ ဂုဏ်ယူမိပါတယ်။ မြန်မာမှုလက်ရာတွေနဲ့ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး နွယ်စင်ဖန်တီးခွင့် ရတဲ့အတွက်ရော၊ မြန်မာ့မီးရထားအဆောက်အဦ သမိုင်းနဲ့ ဗိသုကာလက်ရာ အသေးစိတ်ကို နံရံကပ်စက္ကူ နဲ့ ကော်ဇောဒီဇိုင်းအဖြစ် ပေါင်းစပ်ဖန်တီးခွင့်ပါ ရတဲ့အတွက် ရင်ခုန်ခဲ့ရပါတယ်။ ဒီစီမံကိန်းအတွက် ပရိဘောဂတွေရော၊ လေအေးပေးစက်ကစလို့ ကြမ်းပြင်တွေ၊ နံရံနဲ့ ကော်ဇောပေါ်က ဒီဇိုင်းတွေကအထိ ၁၀၀ % သီးသန့် ဖန်တီးခဲ့တာပါ။ ဒီလို သမိုင်းမှတ်တိုင်ဖြစ်စေမယ့် အလုပ်မှာ စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်အောင် ကူညီပံ့ပိုးပေးပြီး လက်တွဲလုပ်ခွင့်ပေးခဲ့တဲ့ Yoma Land အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ အဲ့လိုလုပ်ကိုင်ခွင့်ပေးခဲ့တာကြောင့်လည်း ဒီပရောဂျက်ကို The International Property Award (IPAX) ဆုအဖြစ် အသိမှတ်ပြုခံခဲ့ရတာပါ။ ” ဟု Yoma Land နှင့် လက်တွဲလုပ်ကိုင်ခဲ့ရသော အတွေ့အကြုံကို မြမှ ပြန်လည်ပြောကြားခဲ့ပါသည်။
အချိန်များစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အဆောက်အအုံ၏ ပျက်စီးယိုယွင်းနေမှုမှာ အလွန်များပြား လှသည်။ ကံကောင်းစွာဖြင့် အိမ်ကြီး၏ အဓိကဖွဲ့စည်းပုံမှာ ခိုင်ခန့်စွာတည်ရှိနေခဲ့သည်။ နံရံများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများမှာလည်း တောင့်တင်းခိုင်မာစွာ တည်ရှိနေခဲ့ပြီး ကြံ့ကြံ့ခံတည်ရှိနေခဲ့သော ကျွန်းသစ်ဖြင့် ဆောက်လုပ်ထားသည့် လှေကားထစ်များ၊ ပြိုကျနေသော မူလကျွန်းတံခါးပေါက်များကို Charles မှ အနီးကပ်စောင့်ကြည့်ကာ ပြန်လည်ပြုပြင်တပ်ဆင်ခဲ့သည်။

ပျက်စီးနေသော မူလပါကေးပြားများကို ခွာယူနေစဉ်

ပြန်လည်ပြုလုပ်ထားသော သစ်သားထည်

အဝင်ဝမှ စိတ်တိုင်းကျရွေးချယ်ထားသော ကြမ်းခင်းကော်ဇောဒီဇိုင်း
အချိန်ကြာလာသည်နှင့်အမျှ လုံလုံလောက်လောက်ရွာသွန်းနေသောမိုး နှင့် စိမ်းလန်းစိုပြေနေသော ကြီးထွား လာသည့် ဥယျာဉ်သည် (၂၂) ကမ္ဘာ့အေး၏ သစ်ပင်၊ ချုံပုတ်နှင့် ကျောက်တုံးများတွင် သားရိုင်း တိရိစ္ဆာန်များလာရောက်အသိုက်ဖွဲ့နေထိုင်ရန် နေရာဖြစ်လာသည်။ လွတ်လပ်စွာရှင်သန်နိုင်သော သဘာဝ တရားကြောင့် ဂရုတစိုက်စောင့်ရှောက်လာခဲ့သော ဥယျာဉ်လွတ်လပ်စွာကြီးထွားလာပြီး တွားသွား သတ္တဝါများ၊ အင်းဆက်များ နှင့် ရှားပါးငှက်များကို အပူပိုင်းသစ်ရွက်များကြားရောက်ရှိလာသည်။ ကင်းမြှီးကောက်အသိုက်အား ဥယျာဉ်အစွန်တစ်ဖက်တွင် ပြန်လည်ဆောက်လုပ်ရေးပြုလုပ်နေသော ဝန်ထမ်းများ ကျောက်ပုံအောက်တွင် တွေ့ရှိခဲ့သည်။ သိမ်းငှက်များသည် ယခုအခါ အဆမတန်ကြီးထွား လာသော သော်ကပင်အကိုင်းများတွင် နားခိုကြပြီး ဥယျာဉ်သည်လည်း ၎င်းတို့ ကျက်စားရာနေရာဖြစ်လာ ခဲ့သည်။ Charlie ၏ အလုပ်စားပွဲသည် အန္တရာယ်မပေးသည့် မြွေပွေးတစ်ကောင် နေရာယူနေခဲ့ဖူးသည်။

ကင်းမြှီးကောက်

ဒါဏ်ရာရထားသော HAWK SPARROW အား ဝန်ထမ်းတစ်ဦးမှ ကယ်ဆယ်စဉ်

အန္တရာယ်မပြုသောမြွေပွေးတစ်ကောင်
ဥယျာဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်မွန်းမံထိန်းသိမ်းခဲ့သည်။ မြွေပွေးအသိုက်ဖြစ်နေခဲ့သော ကျူမြက်ပင် ရှည်များသည်လည်း သပ်ရပ်စွာရိတ်ထားသော မြက်ခင်းပြင်ပေါ်မှ မြက်နုလွှာဖြင့် အစားထိုးနေရာပြန်ယူ ခဲ့သည်။ အုန်းငှက်ပျောပင်အား မူလဆင်ဝင်အောက်မှ တူးယူကာ ဥယျာဉ်၏ ပိုမိုသင့်တော်သော နေရာတွင် ပြန်လည်စိုက်ပျိုးခဲ့သည်။ ထို့နောက် ခြောက်ကပ်နေသော သီဟိုဠ်ပင်အား ပြန်လည်စိမ်းလန်းစိုပြေလာစေရန် ပြုစုစောင့်ရှောက်ထားခဲ့ကြပြီး သော်ကပန်းပင်မှာလည်း အပွင့်များဖြင့် ပြန်လည်ဝေဆာလာခဲ့ပါသည်။ ၁၆ လခန့်ကြာသောအခါ ၂၂ ကမ္ဘာအေးတွင် တည်ရှိသော အိမ်ကြီးသည် ဂုဏ်ကျက်သရေရှိစွာ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာပြီ ဖြစ်ပါသည်။

အုန်းငှက်ပျောပင်အား ပြန်လည်စိုက်ပျိုးခြင်း

အုန်းငှက်ပျောပင်အား ပြန်လည်စိုက်ပျိုးခြင်း

ပန်းလှိုင်အိမ်ခြံမြေနေရာအသင်းမှကိုမင်း
William သည် လက်မှုပညာရှင်အဖြစ် နှစ်အတော်အတန်ကြာသည်အထိ တာဝန်ကျေပြွန်စွာထမ်းဆောင်ပြီး နောက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ၌ ပင်စင်ယူခဲ့ပြီး Charles သည် Senior construction Manager အဖြစ် Yoma Central လုပ်ငန်းတွင် ဆက်လက် လုပ်ကိုင်ခဲ့ပါသည်။ ထိုအချိန်မှာပင် Charles သည် Yoma Central ၏ CSR ပဏာမလှုပ်ရှားမှုအနေဖြင့် St. Gabriel’ church အား ပြန်လည်ပြင်ဆင်မွမ်းမံမှုပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။ ၁၉ ရာစုမှ စတင်တည်ရှိခဲ့သော ဤဘုရားကျောင်းနှင့် ပတ်သက်သော နောက်ထပ်အကြောင်းအရာများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

ပါကေးခင်းခြင်း

အုတ်စီခြင်း

WILLIAM မှ မီးခလုတ်များလိုက်လံစစ်ဆေးနေစဉ်

WILLIAM GLISHRIST ပင်စင်ယူသောနေတွင်တွေ့ရသော CHARLES KINNEAR (ယာ) နှင့် WILLIAM GLISHRIST (ဝဲ)

THE 1920’S VILLA AFTER RESTORATION

DORA MYSZKO, WILLIAM GILCHRIST, CHARLES KINNEAR နှင့် AINDRA WYNNPA

မူလအဖွဲ့ဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များ STEPHEN PURVIS, CHARLES KINNEAR၊ ထက်ထက်ဝင်း၊ DORA MYSZKO, AINDRA WYNNPA, WILLIAM GILCHRIST (လက်ယာဘက်မှ အနောက်ဘက်လိုင်းသို့)၊ CAROLYN GILCHRIST၊ ဟန်နီဦး၊ စိုင်းအောင်နိုင်ဦး နှင့် ဝင်းဇော်ဦး (အရှေ့ဘက်)
Print Version




