top of page

Yoma Central မှရရှိနိုင်သော Thai Country Club အထူးအသင်းဝင်ခွင့်

Updated: Jun 21, 2020

The Peninsula Residences Yangon ရှိလူနေအိမ်တိုက်ခန်းများကို ဝယ်ယူထားသော လူကြီးမင်းများအား ထပ်မံ၍ အထူးအခွင့်အရေးများရရှိခံစားနိုင်စေရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အဆင့်မြင့် ဂေါက်ကလပ် တစ်ခုဖြစ်သော Thai Country Club တွင် အထူးအသင်းဝင်ခွင့်ကို လူကြီးမင်းများ အားပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် The Peninsula Residences Yangon ရှိ လူနေအိမ်တိုက်ခန်း ပိုင်ရှင်များသည် အဆင့်တန်းမြင့်သော La Carte Services များအားရရှိနိုင်မည့်အပြင် ကမ္ဘာတစ်ဝန်းရှိ Peninsula Hotel များတွင်သွားရောက်တည်းခိုပါက ဦးစားပေးစနစ်များရရှိနိုင်ပြီး၊ The Peninsula Hotel Yangon တွင်လည်းအထူးနံှုးထားများဖြင့် တည်းခိုသွားနိုင်မည်ဖြစ်ကြောင်း Head of Yoma Land ဖြစ်သော Mr. Stephen Purvis မှသတင်းကောင်းပါးအပ်ပါသည်။ The Peninsula Residences Yangon ရှိအဆင့်မြင့် လူနေအိမ်တိုက်ခန်းများအား ၂၀၂၁ နှစ်ကုန်ပိုင်းတွင်ဆောက်လုပ်ပြီးစီးသွားမည်ဖြစ်ပါသည်။


Thai Country Club သည် အာရှတွင်အကောင်းမွန်ဆုံးသော ဂေါက်ကလပ်တစ်ခုဖြစ်ပြီး ၁၉၉၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ United States Golf Association မှ Dennis Griffiths သည် Thai Country Club ၏ Design အားရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။


အကျယ်အဝန်း ၇၀၉၇ ကိုက် ရှိသော Thai Country Club ဂေါက်ကွင်း၌ ၁၉၉၇ခုနှစ်တွင် Asian Honda Classic စမ်းသပ်ပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး ထိုပြိုင်ပွဲတွင် ကမ္ဘာကျော် ဂေါက်ရိုက်အားကစားသမားဖြစ်သည့် Tiger Woods မှ အနိုင်ရရှိခဲ့ပါသည်။ ထို Thai Country Club ဂေါက်ကွင်း၏ ခန်းနားလှသော Design၊ လိုရာကစားနိုင်သော ကျွင်းများ နှင့် လှပစိမ်းဆိုသော ရေပြင်၊မြက်ခင်း၊ပန်းမန်များကြောင့် လူကြီးမင်းတို့ အနားယူအပန်းဖြေနိုင် ရန်အတွက် အထူးပင်သင့်လျော်ပါသည်။ "စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါလိပ်စာများအတိုင်းစုံစမ်းမေးမြန်းနိုင်ပါသည်။ Meeyahta Development Limited (MDL) Ms Charlotte Hnin Ei Win, Tel: +95 9 5153315, Email: charlotteng@yomaland.com JCR Christie’s International Real Estate Ms Karin Hiramatsu, Tel: +81-3-5404-8570, Email: peninsula-yg@jcrealty.jp


 


 


bottom of page