• Yoma Land

Yoma Central စီမံကိန်း ဧပြီလထုတ်စာစောင်

Updated: Jun 21


ချစ်ခင်ရပါသော မိတ်ဖက်များနဲ့ ရင်းနှီးမြှုပ်နှံသူများ ခင်မျာ


မိတ်ဆွေတို့ဆီကို ဒီစာလေး ကောင်းမွန်စွာရောက်ရှိတဲ့အပြင် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားနေတဲ့ကာလဖြစ်ပေမယ့် သင်္ကြန်အခါသမယကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။


ဒီစာစောင်ကနေပြီး နောက်ထပ်ထပ်မိတ်ဆက်ပေးချင်တာကတော့ ကျွန်တော်တို့ Yoma Central ရဲ့ မြို့ပြနဲ့ အဆောက်အအုံဒီဇိုင်းမန်နေဂျာ မသီတာအောင်ပါ။ ကျွန်တော် မသီတာနဲ့ အတူ အလုပ်လုပ်ခဲ့တာ လေးနှစ် ပြည့်ခဲ့ပါပြီ။ မသီတာက ဒီနယ်ပယ်မှာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ မွေးဖွားလာတယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ လာမယ့် စာစောင်တွေမှာလည်း ကျွန်တော်တို့ လုပ်ငန်းခွင်ကို အဓိက ဦးဆောင်နေတဲ့သူတွေနဲ့ ထပ်ပြီး မိတ်ဆက်ပေးသွားဦးမှာပါခင်မျာ။


နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ တာဝန်ယူပြုပြင်ထိန်းသိမ်းပေးထားတဲ့ နံပါတ် ၂၂၊ ကမ္ဘာအေးဘုရားလမ်းက ရှေးဟောင်းအဆောက်အဦးအကြောင်း အသေးစိတ်ရေးသားထားတဲ့ ဆောင်းပါးလေးကို မိတ်ဆွေများ ဖတ်ပေးကြစေလိုပါတယ်။ ဒီအဆောက်အဦးဟာ ကျွန်တော်တို့ YCP အဖွဲ့သားများ မကြာသေးခင်က စတင် ထိန်းသိမ်းမှုပြုနေတဲ့ စီမံကိန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။


ကျွန်တော်တို့ စာစောင်လေးကို ဖတ်ရတာ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာချမ်းသာကြပါစေခင်ဗျား။


Stephen Purvis

Head of Yoma Land


ဆောက်လုပ်ရေးလုပ်ငန်းခွင် တိုးတက်မှု အခြေအနေ

တာဝါအားလုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ The Peninsula Residence Yangon သည် ၅ လွှာသို့ ရောက်ရှိနေပြီဖြစ်ကာ Westin Yango တွင် ဧည့်သည်များနေထိုင်ရန် အခန်းများထားရှိမည့် ပထမအလွှာကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ ရုံးခန်းများထားရှိမည့် တာဝါ (၃) တွင် ၇ လွှာကို စတင်ဆောက်လုပ်နေပြီး ရုံးခန်းများထားရှိမည့် တာဝါ (၄) ၏ ကွန်ကရစ်လုပ်ငန်းမှာ ၄ လွှာသို့ ရောက်ရှိနေပြီဖြစ်သည်။


တိုးတက်မှုအခြေအနေအသေးစိတ်အစီရင်ခံစာကို ဒေါင်းလုတ်ရယူနိုင်ပါသည်။



COVID-19 နှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ

မြန်မာနိုင်ငံ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ညမထွက်ရအမိန့်များ၊ ပြည်တွင်းပြည်ပ ခရီးသွားလာ ခွင့်ပိတ်ပင်မှုများ၊ အသွားအလာကန့်သတ်စောင့်ကြည့်မှုများ သတ်မှတ်ထားခြင်းနှင့် လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ အပါအဝင် အခြားသော ကန့်သတ်ချက်အမျိုးမျိုးကို ဧပြီလအစော ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ကပ်ရောဂါကူးစက်ခံရသူအရေအတွက်သည်လည်း သိသိသာသာလျော့ကျ သွားခဲ့သည်။ လာမည့်ရက်သတ္တပတ်များတွင် အချို့သောကန့်သတ်ချက်များကို အစိုးရက ပယ်ဖျက်ပေးလိမ့် မည်ဟု မိမိတို့ ခန့်မှန်းထားသည်။ သို့သော် Yoma Land နှင့် Yoma Central တို့တွင်မူ နိုင်ငံအတွင်းကူးစက်မှုအခြေအနေများ သိသိသာသာလျော့ကျပြီး ပုံမှန်အခြေအနေပြန်ရောက်မည့်အချိန် အထိ အချို့သော ကန့်သတ်ချက်များကို ဆက်လက်ထိန်းသိမ်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်။


Yoma Land နှင့် Yoma Central တို့အနေဖြင့် ဖေဖော်ဝါရီလအစောပိုင်းကတည်းက လက်ရှိကြုံတွေ့နေရသည့် အန္တရာယ်များ နည်းနိုင်သမျှနည်းသွားစေရန် ကြိုးစားလုပ်ဆောင်နေခဲ့သည်။ ဝန်ထမ်းများနှင့် အလုပ်သမား များအား အကာအကွယ်ပေးရန် အကြပ်အတည်းကြားတွင် စီမံခန့်ခွဲခြင်းအစီအစဉ် (The Crisis Management Plan (CMP)) ကိုလည်း နိုင်ငံတကာ၏ ဆောင်ရွက်ချက်များထဲမှ အကောင်းဆုံးသောအချက်များအပေါ် အခြေခံပြီး မတ်လကတည်းက ရေးဆွဲခဲ့ပြီးဖြစ်သည်။ CMPတွင် အဆင့်ဆင့် လေ့လာစောင့်ကြည့်မှုများ ပါဝင်သည့်အပြင် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အစိုးရဘက်မှ တာဝန်ရှိသူများနှင့် အစဉ်ဆွေးနွေး ဆောင်ရွက်လျက်ရှိသည်။ ဘေးအန္တရာယ်ကင်းရှင်းရှန် တတ်နိုင်သမျှ လိုက်နာဆောင်ရွက်ရသည့်အခါ ညဘက်လုပ်ငန်းခွင်ဖျက်သိမ်းရခြင်းကြောင့် လုပ်သားအင်အားလျော့နည်မှု၊ တရုတ်နိုင်ငံမှ လိုအပ်သည့် ပစ္စည်းများ တင်ပို့ခြင်းတွင် အဆင်မချောမွေ့မှုများ ကြုံတွေ့ရသော်လည်း လက်ရှိအခြေအနေမှာ အတန်ငယ် တည်ငြိမ်လာပြီဖြစ်သည်။


လုပ်ငန်းခွင်၏ နောက်ဆုံးရ တိုးတက်မှု အခြေအနေမှတ်တမ်းကို အောက်တွင် အပြည့်အစုံ ဆက်လက်ဖတ်ရှု နိုင်ပါသည်။



ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ် သတင်းများ - မြန်မာနှင့် သတ်မှတ်ဒေသများရှိ အရေးအကြီးဆုံး သတင်းများ


Yoma Land ဝန်ထမ်းများကဏ္ဍ

အရည်အသွေးမြင့်မားသည့် ကျန်းမာရေးဝန်ဆောင်မှုကို ဝန်ထမ်းများအားလုံး ရရှိစေနိုင်ရန် လက်ရှိ ကျန်းမာရေးအာမခံနည်းဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခုအချိန်မှစတင်ကာ ၏ ဝန်ထမ်းများအားလုံး သည် COVID-19 အကာအကွယ်နှင့် ဆေးရုံဆေးခန်းများတွင် ကုသခြင်းတို့အတွက် အကာအကွယ်များကို လုပ်ငန်းစတင်ဝင်ရောက်သည့်ရက်တွင် စတင်ခံစားခွင့်ရှိမည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများအားလုံး အတွက် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး မိုဘိုင်းလ်စာပို့စနစ်ဖြစ်သည့် Viber မှတဆင့် ကျန်းမာရေး ထောက်ပံ့မှုများ ပေးသွားမည့် Telemed ဝန်ဆောင်မှုကိုလည်း အခမဲ့ပေးအပ်ထားပြီးဖြစ်သည်။


အန္တရာယ် အများဆုံးဖြစ်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ၎င်းတို့၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်အနေအထားနှင့် ကိုက်ညီမည့် သီးသန့်အကာအကွယ်များကိုလည်း ပေးအပ်ထားပြီး ဖြစ်ပါသည်။


Yoma Central ၏ ဝန်ထမ်းများမိတ်ဆက်

မသီတာအောင်

C&S Design Manager at Yoma Strategic Holdings


"ကျွန်တော်မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာ မသီတာက ကျွန်တော်နဲ့ တိုက်ရိုက်အလုပ်လုပ် ရတဲ့ ပထမဆုံးသော ပြည်တွင်းဝန်ထမ်းပါ။ အဲ့ဒီအချိန်တည်းက သူ့ရဲ့စိတ်နေသဘောထား၊ အပြုအမူတွေ၊ လုပ်ငန်းအပေါ် ချစ်မြတ်နိုးစိတ်၊ ကျွမ်းကျင်မှုတွေနဲ့ ရှေ့ကို ကြိုတင်တွေးမြင်တတ် မှုတွေကို မြင်တွေ့ရ အထင်ကြီးခဲ့ရတာပါ။ သူက နည်းပညာပိုင်းအရမ်းကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေ၊ ဆောက်လုပ်ရေးအဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲမှု အပိုင်းက ဝန်ထမ်းအားလုံးရဲ့ လေးစားမှုကို ရခဲ့ပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။"

- Iain Fairbairn, Project Director at Yoma Strategic Holdings

အင်တာဗျူးအပြည့်အစုံဖတ်ရန်


လူမှုဝန်းကျင်

သမိုင်းဝင် ဘုရားကျောင်းအား ပြန်လည်ပြုပြင်မွမ်းမံခြင်း


လူမှုဝန်းကျင်အား အထောက်အပံ့ပြုရန် နှင့် ရန်ကုန်မြို့တော်၏ သမိုင်းဝင်ဗိသုကာလက်ရာများအနက်မှ တစ်ခုအား ထိန်းသိမ်းရန် ရည်ရွယ်ကာ Yoma Central က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ စိန့်ဂေဘရီရယ်လ် ဘုရားကျောင်းကို ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့သည်။ Yoma Central ၏ ရန်ကုန်မြို့လယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော သမိုင်းဝင်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် အဆိုပါ အင်္ဂလိကန် ကျောင်းတော်ကို အုတ်နီများဖြင့် ၁၉ ရာစုနှောင်းပိုင်းတွင် ရင်သပ်ရှုမောဖွယ် တည်ဆောက်ခဲ့သည်။ အတွင်းအပြင်ပြုပြင်မွန်းမံမှုသည် ရာသီဥတုအခြေအနေပေါ်မူတည်၍ နှစ်လအတွင်း ပြီးမြောက်မည်ဟု မိမိတို့ မျှော်လင့်ထားသည်။ လက်ရှိတွင် ကျောင်းတော်၏ ဖွဲ့စည်းမှုပုံစံပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။


မိုးရာသီအတွက် ကူညီပြင်ဆင်မှုများ


Yoma Central က မိုးရာသီအတွက် ရန်ကုန်မြို့တော်၏ ရေသွားရေလာစနစ်ပြင်ဆင်မှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအား အင်တိုက်အားတိုက် ကူညီလျက်ရှိသည်။ ပြီးခဲ့သည့်လ တွင် Yoma Central ၏ အနီးအနားရှိ ရေလွှဲမြောင်းအား သန့်ရှင်းပေးကာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ အဆိုပါရေမြောင်းနှင့်ကပ်လျက် ရေဆိုးလိုင်းအား ပြန်လည်အစားထိုးမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အစီအစဉ်ကို အစပြုနိုင်ရန် ကူညီခဲ့သည်။

၂၂ ကမ္ဘာအေးဘုရားလမ်းမှ ရှေးဟောင်းအဆောက်အအုံကို Yoma Central အရောင်းပြခန်း အဖြစ် ပြန်လည်ပြုပြင်မွမ်းမံခြင်း ဖြစ်စဉ်



ကိုလိုနီခေတ် သမိုင်းဝင်ဗိသုကာလက်ရာများ အမြောက်အများ တည်ရှိမှုတွင် ရန်ကုန်မြို့အား ကမ္ဘာပေါ်ရှိ အခြားမည်သည့်နိုင်ငံကမှ မယှဉ်နိုင်ချေ။ အဆိုပါ သမိုင်းဝင်လက်ရာများအား တတ်နိုင်သမျှ ထိန်းသိမ်းရန် Yoma Central က ကြိုးစားလျက်ရှိပြီး လက်ရှိတွင် အမှတ် ( ၂၂ )ကမ္ဘာအေးဘုရားလမ်းတွင် တည်ရှိကာ ၁၉၂၀ ခုနှစ်များတွင် ဆောက်လုပ်ခဲ့သည့် သမိုင်းဝင်လက်ရာ အဆောက်အဦးတစ်ခုကို ဂရုတစိုက် ပြန်လည် ပြုပြင်မွမ်းမံခဲ့သည်။ တချိန်က အင်္ဂလိပ်ကုန်သည်မိသားစု နေထိုင်ခဲ့သည့် အဆိုပါအဆောက်အဦးကို Yoma Central ၏ ခေတ်မီအရောင်းပြခန်းအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ စိတ်ဝင်စားသူမိတ်ဆွေများ လာရောက် လည်ပတ်ကာ သမိုင်းဝင်လက်ရာအဆောက်အဦး၏ မူလ ခန့်ညားမှု နှင့် အလှတရားတို့ကို ကြည့်ရှုခံစား နိုင်မည်လည်းဖြစ်သည်။ တိမ်မြုပ်နေသည့် သမိုင်းဝင်ဗိသုကာရတနာတစ်ခု၏ သမိုင်းကြောင်း တစ်လျောက် အလည်အပတ်သွားရောက်နိုင်ရန် Yoma Central က ဖိတ်ခေါ်ပါသည်။


ဆက်လက်ဖတ်ရှုရန်



© 2020 by Yoma Land. All rights reserved. Tel: (951) 368 7766

  • LinkedIn
  • Facebook