top of page

ပန်းလှိုင်အိမ်ရာရဲ့ လူနေမှုပုံစံ

By Phyo Ei Khine


အခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေတဲ့အချိန်မှာ နာမည်ကြီး real estate developer အနေနဲ့ တီထွင်ဖန်တီးမှုတွေ၊ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ငှက်တွေအသိုက်ပြောင်းကြသလို လူတွေလဲ ဗိုင်းရပ်စ်နဲ့ဝေးပြီး မိသားစုအတွက်လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းလာကြတယ်။ အိမ်နီးချင်းကောင်းတွေရှိတာကအစ တစ်နေရာတည်းမှာ ဝန်ဆောင်မှုအားလုံးရှိတာအလယ် စိတ်ရောကိုယ်ရော ကျန်းမာတဲ့ လူနေမှုပုံစံရှိတာအဆုံး အားလုံးအဆင်ပြေမယ့်နေရာတွေကို ရွေးချယ်လာကြပါတယ်။

 

အသိုက်အမြုံ


ဆောင်းခိုငှက်တွေက ပိုမိုကောင်းမွန်တဲ့ ဂေဟစနစ်ရှိတဲ့နေရာတွေဆီ ကီလိုမီတာပေါင်းများစွာ ဖြတ်ပြီး ကလေးတွေကို အစာကျွေး၊ ကြီးပြင်းအောင်ထားကြပါတယ်။ တကယ်လို့ သူတို့လက်ရှိနေတဲ့နေရာက မကောင်းဘူးဆိုရင် ဒီ့ထက်ကောင်းတဲ့နေရာတွေဆီ ထပ်ပြောင်းရွှေ့ကြပါတယ်။


ငှက်တွေလိုပဲ လူတွေလဲ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ကောင်းမွန်လုံခြုံတဲ့နေရာတွေကို ရှာဖွေကြပါတယ်။ လွန်ခဲ့တဲ့နှစ်ကစလို့ ပန်းလှိုင်အိမ်ရာမှာ နေထိုင်သူသိသိသာသာ များလာပါတယ်။ အိမ်ဝယ်သူတွေ၊ အိမ်ဌားတွေက နေဖို့အတွက်ပိုမိုကောင်းမွန်တဲ့နေရာကို ရှာဖွေလာကြတယ်။ လူတွေက ကောင်းမွန်တဲ့လူမှုအသိုင်းအဝိုင်းနဲ့ ကျန်းမာတဲ့လူနေမှုပုံစံကို နှစ်သက်လာကြပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို နှစ်သက်သူတွေအနေနဲ့ ပန်းလှိုင်အိမ်ရာထဲမှာ ငှက်မျိုးစိပ်ပေါင်း ၄၀ ကျော်ရှိလို့ လေ့လာနိုင်ပါတယ်။

 

လူဦးရေထူထပ်မှု နည်းပါးတဲ့နေရာရှိ Turnkey Property


Turnkey property ဆိုတာက ထပ်ပြီးပြင်စရာမလိုဘဲ ဝယ်ပြီးအသင့်နေထိုင်နိုင်တာ (သို့) ဌားပြီးအသင့် နေထိုင်နိုင်တဲ့ အဆောက်အအုံမျိုးကို ပြောတာပါ။ Turnkey property တွေကို ရောင်းတာ၊ ဝယ်တာ၊ ဌားတာစတာတွေကို ရင်းနှီးမြှုပ်နှံသူတွေကိုယ်စား ကုမ္ပဏီကစီစဉ်ဆောင်ရွက်ပေးပါတယ်။

ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာဟာ နေထိုင်ရေးမှာ အခက်အခဲတွေရှိလာပြီး Turnkey property တွေကို ရွေးချယ်လာကြပါတယ်။ ပန်းလှိုင်အိမ်ရာက အိမ်တွေက နေဖို့ ထပ်ပြီးပြင်ဆင် ရတာတွေ မရှိဘဲ အဆင်သင့်နေထိုင်နိုင်တဲ့အတွက် အိမ်ဝယ်ချင်သူတွေ၊ ဌားချင်တဲ့သူတွေ အကြို က်တွေ့ကြပါတယ်။ အိမ်တွေကလည်း အပြင်ဘက်မှာ နေရာကျယ်တွေပါတဲ့အပြင် utility room ကလည်းသီးသန့်ရှိတော့ အိမ်ထဲမဝင်ခင်ဆေးကြောသန့်စင်တာတွေ လုပ်နိုင်လို့ မိသားစုကျန်းမာရေး အတွက် စိတ်ချရပါတယ်။



bottom of page