top of page

Yoma Central စီမံကိန်း ဂျွန်လထုတ်စာစောင်

Updated: Jul 1, 2020



ချစ်ခင်ရပါသော မိတ်ဆွေများ၊ ရင်းနှီးမြှုပ်နှံသူများ နဲ့ မိတ်ဖက်များ ခင်ဗျာ။


ဒီလရဲ့ newsletter ကိုတော့ ဖိတ်ကြားလွှာလေး နဲ့ စလိုက်ချင်ပါတယ်။ ကျွန်တော်တို့ newsletter တွေကို ဘယ်လိုသဘောရသလဲ ဆိုတာနဲ့ နောက်လတွေအတွက် newsletter တွေမှာ ကျွန်တော်တို့ဆီက ဘယ်လို အကြောင်းအရာတွေကို ဖတ်ချင်သလဲဆိုတာလေး ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါရစေ။


Yoma Central စီမံကိန်းရဲ့ နောက်လ newsletter ကို ပိုပြီး တိုးတက်ကောင်းမွန်လာစေဖို့ ဒီလင့်ခ်လေးကို နှိပ်ပြီး စစ်တမ်းအတိုလေးကို ဖြေကြားရင်း ကူညီပေးစေလိုပါတယ်ခင်ဗျာ။


ကျွန်တော်တို့အဖွဲ့သားတွေ တင်ဆက်တဲ့ ဒီလရဲ့ နောက်ဆုံးရသတင်းတွေကို မိတ်ဆွေများ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။


ကျေးဇူးတင်စွာဖြင့်

Yoma Central စီမံကိန်းအဖွဲ့သားများ

 

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နောက်ဆုံးရ သတင်းအချက်အလက်များ


တာဝါ ၄ ခုလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများ ပုံမှန်ဆက်လက်လည်ပတ်လျက်ရှိပါသည်။ တာဝါ (၁) ရှိ Peninsula Residences မှာ ၆လွှာသို့ ရောက်နေပြီဖြစ်ကာ Westin Tower တွင် ဧည့်သည်များ နေထိုင်မည့် အထပ်ကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ ရုံးခန်းတာဝါ (၃) တွင် ၇ လွှာကို စတင်ဆောက်လုပ်နေပြီး ရုံးခန်းတာဝါ (၄) ၏ သံထည်လုပ်ငန်းမှာ ၆ လွှာအမြင့်အထိ ရောက်ရှိလာပြီဖြစ်သည်။ Yoma Central စီမံကိန်း နှင့် Peninsula Hotel တို့ကြားရှိ လျှောက်လမ်းဆောက်လုပ်ရေးကိုလည်း စတင်ထားပြီးဖြစ်သည်။


အစီရင်ခံစာ အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်

 

Yoma Central ရုံးကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်

ကျွန်တော်တို့ ရန်ကုန်ရုံးပြန်ဖွင့်ပြီဖြစ်ပြီး လုပ်ငန်းတွေပြန်လည်လည်ပတ်ဖို့ အသင့်ဖြစ်နေပြီဆိုတာကို ဝမ်းမြောက်စွာနဲ့ ကြေညာလိုက်ပါတယ်။ အားလုံး အန္တရာယ်ကင်းစေဖို့ သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းရေး နည်းလမ်းတွေကို သေသေချာချာ လိုက်နာပြီး ရေးဆွဲထားတဲ့ ရုံးစည်းကမ်းအသစ်တွေကို လိုက်နာကြပါတယ်။ အိမ်ကနေအလုပ်လုပ်ရတဲ့အချိန်မှာလည်း စွမ်းဆောင်ရည်ကျမသွားဘဲ ဆက်လက် လုပ်ကိုင်နိုင်ခဲ့ပေမယ့်လည်း တစ်နေရာတည်းမှာ အတူတူအလုပ်ပြန်လုပ်ရမှာအတွက် အားလုံးဝမ်းသာနေကြ ပါတယ်။


COVID – 19 နှင့်ပတ်သက်ပြီး PHSH တွင်ပြင်ဆင်ထားသောအခန်းကဏ္ဍများနှင့် ဝန်ထမ်းများအတွက် ဖုန်းမှတဆင့် ပေးအပ်မည့် ကျန်းမာရေးဝန်ဆောင်မှု (တည်နေရာကို ဖုန်းမှတဆင့် ဒီဂျစ်တယ်နည်းလမ်းဖြင့် ချက်ချင်းသိရှိနိုင်မည့် ဝန်ဆောင်မှု) အပါအဝင် အသစ်ထပ်မံဖြည့်စွက်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု စကားဝိုင်းအစီအစဉ်တွင် တွေ့သည့် Melvyn Pun



 

ဆောက်လုပ်ရေးနယ်ပယ် သတင်းများ - မြန်မာနိုင်ငံ နှင့် အာရှပစိဖိတ် ဒေသမှ အရေးပါသည့် သတင်းများ


အချင်းချင်း ထိတွေ့ဆက်ဆံမှုလျော့ချတာကို ဖြေလျော့လိုက်ပြီဖြစ်လို့ ကျွန်တော်တို့ရဲ့ Yoma Central အရောင်းပြခန်းကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံကို လည်ပတ်ကြည့်ရှုနိုင်ဖို့အတွက် ကြိုတင်အကြောင်းကြားနိုင်ပါပြီ။ ကျွန်တော်တို့အဖွဲ့သားတွေက လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံဦးမှာပါ။

ကြိုတင်ချိန်းဆိုမှုပြုလုပ်ရန်..


ကျွန်တော်တို့ရဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံကို ဘယ်သူတွေက ပြန်လည်မွန်းမံပေးခဲ့သလဲဆိုတာရော သိပါသလား။ အရင်လက ဇာတ်လမ်းမဖတ်ဖြစ်လိုက်ဘူးဆိုရင် ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ပြန်လည်ဖတ်ရှုရန်..


အီလက်ထရောနစ်စီးပွားရေး လုပ်ငန်းကြီး Alibaba Group Holding ၏ ဒီဂျစ်တယ်ဘဏ္ဍာရေးတွဲဖက်လုပ်ငန်းဖြစ်သည့် Ant Financial က Norwegian Telenor Group နှင့် Yoma Group တို့ အကျိုးတူပူးပေါင်း တည်ထောင်ထားပြီး လက်ရှိမြန်မာနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းလ်ငွေပေးချေခြင်းဝန်ဆောင်မှုထောက်ပံ့သူ ဖြစ်သည့် Wave Money မှ ရှယ်ယာဝယ်ယူ… ဆက်လက်ဖတ်ရှုန်…


NYCD ၏ အမှုဆောင်အရာရှိချုပ် နှင့် YOMA Strategic ၏ ဥက္ကဌ ဖြစ်သူ ဦးသိမ်းဝေက ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိ မြို့ပြတည်ဆောက်ရေးစီမံကိန်းတစ်ခုကို စတင်ရန် ကြေညာ...

ဆက်လက်ဖတ်ရှုရန်

 

Yoma Central ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ရေရှည်တည်တံ့ရေး ခရီးစဉ်



ကျွန်မတို့က လူမှုဝန်းကျင်ကို အကျိုးပြုတဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ နယ်ပယ်ခေါင်းဆောင် ဖြစ်ချင်ခဲ့တာပါ"


- Tessa Morton



ဆက်လက်ဖတ်ရှုရန်

 

Yoma Land အဖွဲ့သားများ


မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့ အခုအချိန်မှာ လုပ်ငန်းရပ်မသွားဘဲ ဆက်လက်လည်ပတ်နေဖို့က အရေးကြီးပါတယ်။ COVID-19 ကြောင့် ဖြစ်လာတဲ့အခြေအနေမှာ အရင်က အတူတူအလုပ်လုပ်ရာကနေ လူချင်းထိတွေ့တာလျော့ချပြီး အဝေးကနေ လုပ်ကိုင်ရတဲ့အခြေအနေကို တွန်းပို့လိုက်ပါတယ်။ ဒီအပြောင်းအလဲက လူသစ်တွေကို ကြိုဆိုတဲ့ပုံစံကိုလည်း ပြောင်းလဲသွားစေပါတယ်။ လက်ရှိမှာတော့ အဖွဲ့ဝင်သစ် ၂ ယောက်ကို ဒီနေရာကပဲ ကြိုဆိုလိုက်ပါတယ်။


BP Loh Senior MEP Manager, Yoma Central စီမံကိန်း၏ Senior MEP Manager

BP က ဧပြီလ တစ်ရက်နေ့မှာ စပြီး အဖွဲ့ဝင်ဖြစ်လာပါတယ်။ သတ်မှတ်ပမာဏ နဲ့ အချိန်ကာလအတွင်း စီမံကိန်း အောင်အောင်မြင်မြင်ပြီးဆုံးဖို့စီမံကိန်း နဲ့ ဆောက်လုပ်ရေး လုပ်ငန်းစီမံခန့်ခွဲမှု၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတို့မှာ ၁၅ နှစ်တာ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။


Juliana Lao Senior Architect, Yoma Central စီမံကိန်း ၏ Senior Architect

Juliana ကShih Chien University၊ Taiwan ကနေ Architectural Design degree ကို ရရှိထားပြီး လုပ်ငန်းအတွေ့အကြုံ ၈ နှစ် ရှိထားသူ ဖြစ်ပါတယ်။ မကာအိုက ဟိုတယ်တာဝါတွေ အများကြီး ပါတဲ့ အပန်းဖြေစခန်း ဆောက်လုပ်ရာမှာ နောက်ဆုံး လုပ်ကိုင်ခဲ့ပါ တယ်။


အဖွဲ့ဝင်အသစ်တွေအနေနဲ့ ဧပြီလ နဲ့ မေလတွေမှာ သက်ဆိုင်ရာ စီမံကိန်းအဖွဲ့တွေနဲ့ အွန်လိုင်းကနေ ဆက်သွယ်အလုပ်လုပ်နိုင်ခဲ့တာ မြင်ရတာအတွက် ဝမ်းသာပါတယ်။ လူချင်းမကြာခင်မှာတွေ့ရဖို့လည်း မျှော်လင့် နေပါတယ်။

 


Yoma Central ၏ ဝန်ထမ်းများမိတ်ဆက်

စီမံကိန်းနောက်ကွယ်မှ အဖွဲ့သားများကို ထုတ်ဖော်ပြသခြင်း 

မခင်စန္ဒီလင်း

Environmental & Social (E&S) Compliance Manager


မခင်စန္ဒီလင်းသည် SPA Design and Project Services Ltd တွင် E&S Compliance Manager အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ စီမံကိန်းဆောင်ရွက်ရာတွင် အစိုးရဌာနများမှ အတည်ပြုထားသည့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်မှုများအား ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါဝင်သော သဘာပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အသိအမှတ်ပြုလက်မှတ် (ECC)၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ် (ESMP) တို့ တွင် ပါဝင်သည့် အချက်အလက်များကို လိုက်နာမှုရှိစေရန် တာဝန်ယူထားသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ဆိုင်ရာ အသိရှိသည့် ရင်းနှီးမြုပ်နှံသူများ ဖြစ်သော IFC နှင့် ADB တို့၏ ရင်းနှီးမြှုပ်နှံမှုအဆင့် တစ်ခုချင်းစီတိုင်းအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ရှေ့ဆက်သွားမည့်အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခြင်းများအတွက်လည်း တာဝန်ယူထားသည်။ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံမည့် အလားအလာရှိသူ များ၏ လုပ်ဆောင်ချက်များ နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲမှုများကိုလည်း ရှုထောင့် အမျိုးမျိုးမှ ကူညီလျက်ရှိသည်။


ဆက်လက်ဖတ်ရှုရန်


 

လူမှုဝန်းကျင်

စိန့်ဂေဘရီရယ်လ် ဘုရားကျောင်းအား ပြုပြင်မွမ်းမံခြင်း


မိုးရာသီအတွက် ဘုရားကျောင်း၏ ပြတင်းပေါက်များနှင့် တံခါးများ ပြုပြင်ခြင်း ပြီးစီးခဲ့ပြီဖြစ်ပြီး အသစ်ပြုပြင်မွမ်းမံထားသည့် လုပ်ဆောင်ချက်များက ပြင်ပအရာဝတ္ထုများ ဘုရားကျောင်းအတွင်း ဝင်ရောက်ခြင်းကို ကာကွယ်ပေးမည်ဖြစ်ကာ မိုးရာသီတစ်လျောက်လုံး အတွင်းပိုင်းမွမ်းမံမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။


စိန့်ဂေဘရီရယ်လ် ဘုရားကျောင်း၏ သစ်သားတံခါးများကို ပြန်လည်မွန်းမံခြင်း။ ပြင်ပအရာဝတ္ထုများ မဝင်ရောက်နိုင်စေရန် ဖလင်များဖြင့် ကာရံထားသည့် ချွန်ထက်ကျဉ်းမြောင်းသော နီယို ဂေ့ါသစ် ဒီဇိုင်း ပြတင်းပေါက်များ။

bottom of page