top of page

စိတ်ကြိုက်ပြင်ဆင်နိုင်သော အိမ်များကိုဝယ်ယူနိုင်တော့မည့် ပန်းလှိုင်အိမ်ရာရှိ Lotus Garden စီမံကိန်း

Updated: Jun 23, 2020

YomaLand မှ ပထမဦးဆုံးအနေဖြင့် ဝယ်ယူသူ စိတ်ကြိုက်ပြင်ဆင်နိုင်သော အိမ်များကို

ပန်းလှိုင်အိမ်ရာရှိ Lotus Garden စီမံကိန်းတွင် အထူးသီးသန့် ပြုလုပ်ရောင်းချခြင်း


Lotus Garden ဥယျာဉ်အိမ်ရာ စီမံကိန်း၏ ပထမအဆင့်တွင် နှစ်လုံးတွဲ အိမ် (Semi-detached Villas) ၅ လုံးနှင့် အဆင်မြင့်သီးသန့် တိုက်အိမ် (Townhouses) ၅ တိုက် မှာ နောက်ဆုံးပိတ်ဝယ်ယူရရှိနိုင်သော အိမ်ရာများဖြစ်သည်။


• Yoma Land မှ ပထမဆုံးအကြိမ် အိမ်တွင်းအပြင်အဆင်များကို ဝယ်ယူသူများစိတ်ကြိုက် ပြင်ဆင်နိုင်သော အိမ်များကို ကမ်းလှမ်းမှု ပြုလုပ်ခြင်းဖြစ်သည်။


• အိမ်ရာကြည့်ရှုခြင်းနှင့် ပန်းလှိုင်အိမ်ရာအားလေ့လာခြင်းကို မတ်လ ၁၁ ရက်မှ ၃၁ ရက်အတွင်း မနက် ၁၀နာရီမှ ညနေ ၆နာရီ အထိ ပြုလုပ်သွားမည်ဖြစ်သည်။


Lotus Garden site plan
Lotus Garden site plan

မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ဦးဆောင်နေသော Yoma Land သည် လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာရှိ Lotus Garden ဥယျာဉ်အိမ်ရာ စီမံကိန်း၏နှစ်လုံးတွဲအိမ် (Semi-detached Villas) ၅ လုံး နှင့် အဆင်မြင့်သီးသန့်တိုက်အိမ် (Townhouses) ၅ လုံး ကို ရောင်းချရန် ထုတ်ပြန်ကြေညာမှု ပြုလုပ်လိုက်သည်။ Yoma Land မှ ပထမဦးဆုံး အကြိမ် အိမ်တွင်းအပြင်အဆင်များကို ဝယ်ယူသူမျာ စိတ်ကြိုက်ပြင်ဆင်နိုင်သောအိမ်များကို အများပြည်သူအား ကမ်းလှမ်းမှု ပြုလုပ်ပေးခြင်းဖြစ်သည်။ Lotus Garden ဥယျာဉ်အိမ်ရာစီမံကိန်း ပထမအဆင့်တွင် ဝယ်ယူနိုင်သေးသော အိမ်များကိုရောင်းချခြင်းဖြစ်သည်။


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဧက ၆၅၂ ခန့် ကျယ်ဝန်းသော ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Garden သည် နှစ်လုံးတွဲ အိမ် (Semi-detached Villas) အလုံး ၃၀ နှင့် အဆင်မြင့်သီးသန့် တိုက်အိမ် (Townhouses) ၁၄ လုံး ပါဝင်သည့် စီမံကိန်း ဖြစ်သည်။ လူနေမှုအရည်အသွေး ပြည့်ဝသောအိမ်ရာကို အပြည်ပြည်ဆိုင်ရာမှ ဆုတံဆိပ်များစွာရရှိထားသော ဒီဇိုင်းနာများ၊ ဗိသုကာပညာရှင်များမှ ဖန်တီးတည်ဆောက်ထားပြီး သာယာသော စမ်းချောင်း၊ ရေကန်ငယ်များဖြင့် ဝန်းရံထားသည်။ အိမ်ရာတွင် လှပကောင်းမွန်သော အိမ်တွင်းအပြင်အဆင်များ၊ ကျယ်ဝန်းသော အများပြည်သူသုံး နေရာများ၊ ပြည့်စုံ လုံလောက်သော ကိုယ်ပိုင် နေထိုင်စရာများ အပြင် အပန်းဖြေအနားယူရန်၊ တည်ခင်းဧည့်ခံကျွေးမွေးမှု ပြုလုပ်ရန်၊ ဖျော်ဖြေမှုပြုလုပ်ရန်များအတွက်ပါ ပြည့်စုံကောင်းမွန်သော ပြင်ပနေရာများလည်းပါဝင်သည်။ Lotus Hill အိမ်ရာစီမံကိန်းဒုတိယအဆင့်ကို ကပ်လျက်မြေကွက်နေရာတွင် ၂၀၂၀ ခုနှစ်အတွင်း စတင်ဆောင်ရွက်မည် ဖြစ်သည်။


“ကျွန်ုပ်တို့ အနေနှင့် Lotus Hill အိမ်ရာစီမံကိန်းကို ဝယ်ယူသူများအနေနှင့် အချို့သောအစိတ်အပိုင်းများကို မိမိစိတ်ကြိုက် ပြင်ဆင်ပြောင်းလဲနိုင်သည့် အခွင့်အလမ်းပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်သော အဆင့်အသစ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ပထမဦးဆုံးအကြိမ်အဖြစ် ဝယ်ယူသူများအနေဖြင့် ကျွန်ုပ်တို့ နှင့်ပူးပေါင်း၍ အိမ်မက်ထဲမှ စိတ်ကြိုက်အိမ်ဖြစ်လာစေရန် ပြင်ဆင်နိုင်မည်ဖြစ်သည်။ သင်နေထိုင်သည့်လူနေမှု ပုံစံနှင့် ကိုက်ညီသည့်ကိုယ်ပိုင်အိမ်တစ်ခု ဖန်တီးတည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။" ဟု Lotus Garden ၏ Project Director Matthew Hill မှ ပြောကြားသွားပါသည်။


Lotus Garden တွင်နေထိုင်သူများအနေဖြင့် ပန်းလှိုင်အိမ်ရာအတွင်းရှိ Country Club, ကျင်း ၁၈ ကျင်းပါဝင်သော ပန်းလှိုင်ဂေါက်ကွင်း၊ Dulwich College Yangon’s Pun Hlaing Campus အပြင် နိုင်ငံတကာ အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုပေးသော ပန်းလှိုင်စီလုံဆေးရုံ တို့ပါဝင်မည် ဖြစ်သောကြောင့် ကောင်းမွန်သော လူနေထိုင်မှု ပုံစံကို ရရှိနိုင်မည် ဖြစ်သည်။

Lotus Garden မှ စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသော မြေကွက်ပေါ်တွင် အိမ်ကြီး ၂၁ လုံး၊ စတုရန်းပေ ၈၈၀၀ ကျယ်ဝန်းသော မြေကွက်ပေါ်ရှိ မိသားစု လုံးချင်းအိမ် ၁၂ လုံး၊ စတုရန်းပေ ၄၀၀၀ မြေကွက်ပေါ်ရှိ နှစ်လုံးတွဲ အိမ် ၃၀ လုံး၊ စတုရန်းပေ ၂၀၀၀ မြေကွက်ပေါ်ရှိ သီးသန့်တိုက်အိမ် ၇၁ လုံး နှင့် အဆင်မြင့်တိုက်ခန်း ၃၆ ခန်း တို့ကို ရောင်းချသွားမည် ဖြစ်သည်။




အိမ်ရာ ဝယ်ယူလိုသူများ အနေဖြင့် Yoma Land ရှိ အရောင်းကိုယ်စားလှယ်များဖြင့် သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်မည်ဖြစ်ပြီး ပန်းလှိုင်အိမ်ရာ အတွင်းရှိ Awei Metta ဟိုတယ်, Dulwich College Yangon, Organic Farm, Golf Club, Country Club များကိုပါ လေ့လာမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ကို ဗုဒ္ဓဟူးနေ့ မတ်လ ၁၁ ရက်မှ တနင်္ဂနွေ မတ်လ ၁၅ ရက်အတွင်း မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်နိုင်မည်ဖြစ်ပြီး +95 943 124 252 ကို ခေါ်ဆို၍ (သို့မဟုတ်) အောက်ဖော်ပြပါ အရောင်းကိုယ်စားလှယ်များထံ အီးမေးလ် ပို့၍ ရက်ချိန်းပြုလုပ်နိုင်သည်။


Ms.Charlotte Ng : charlotteng@yomaland.com

Ms. Chaw Thinzar Khine : chawthinzarkhine@yomaland.com

Mr.Soe Yan Paing : soeyanpaing@yomaland.com


More Information

Lotus Garden | Factsheet

Lotus Place | Semi-detached villas and Customisation Deck

Lotus Hill | Triplex villas

Lotus Terrace | Apartments


ပန်းလှိုင်အိမ်ရာအကြောင်း


ပန်းလှိုင်အိမ်ရာသည် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်ကမ်းနံဘေးတွင် တည်ရှိကာ လှပသောရှုခင်းများနှင့်ပြည့်စုံသော အိုအေစစ်တစ်ခုသဖွယ်ဖြစ်ပြီး ခေတ်မီဆန်းသစ်သော Villa, Serviced Apartment များအပြင် မြန်မာပြည်၏အကောင်းဆုံးဂေါက်ကွင်းဖြစ်သော ပန်းလှိုင်ဂေါက်ကွင်း၊ ရေကူးကန်၊ Gym၊ တင်းနစ်ကွင်း၊ Day Spa အစရှိသည်တို့ပါဝင်သော Country Club၊ ဝါရင့်ကျွမ်းကျင်စားဖိုမှုးများချက်ပြုတ်သောအနောက်တိုင်းနှင့် အာရှအစားအစာတို့ရရှိနိုင်သော Horizons Restaurant နှင့် Oasis Bistro၊ ဂေါက်ကွင်း၏ရှုခင်းကို အပြည့်အဝခံစားနိုင်မည့် Awei Metta ဟိုတယ်၊ ပညာရေးအတွက် Dulwich College၊ နိုင်ငံတကာအဆင့်မီကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသော Pun Hlaing Siloam ဆေးရုံတို့ရှိသောပန်းလှိုင်အိမ်ရာသည် မြို့နယ်တစ်ခုအလားတည်ရှိပြီး ဆုတံဆိပ်များစွာရရှိထားသော Real Estate Developer Yoma Land မှတာဝန်ယူတည်ဆောက်သည်။


Yoma Land အကြောင်း


"ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်" ဆိုသော ရည်ရွယ်ချက်ဖြင့် Yoma Land သည် မြန်မာ့အိမ်ခြံမြေလုပ်ငန်းကို ဦးဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ Yoma Strategic Holdings Ltd. နှင့် First Myanmar Investement Public Company Limited တို့၏ လက်အောက်ရှိ အိမ်ခြံမြေလုပ်ငန်း အဖြစ် Yoma Land သည် လုံခြုံစိတ်ချရသော၊ ဆွဲဆောင်မှုရှိသော၊ အဆင့်မြင့်သော လူနေမှု အသိုင်းအဝိုင်းများတည်ဆောက်ရန်နှင့် မြို့နယ်တစ်ခုနှင့်တူသော အိမ်ရာ စီမံကိန်းများ ကို အဓိကထားဆောင်ရွက်သည်။ Yoma Land သည်ယခုလက်ရှိတွင် ကျယ်ဝန်းသော အိမ်ရာစီမံကိန်းများဖြစ်သည့် ပန်းလှိုင်အိမ်ရာနှင့်Star City လူနေအိမ်ရာစီမံကိန်း၊ Yoma Central and The Peninsula Yangon စီမံကိန်း ဟူ၍ ၃ မျိုး ရှိသည်။ ၎င်းစီမံကိန်း ၃ ခုမှာ ရန်ကုန်မြို့တော်၏ ရှုခင်းကို ဆန်းသစ်သော ဒီဇိုင်းများ၊ ဆောက်လုပ်ရေး စံချိန်စံညွှန်းများနှင့် ထုတ်ကုန်အရည်အသွေးကို အလေးပေး၍ပြောင်းလဲ ပုံဖော်မှုများ ဆောင်ရွက်လျက်ရှိသည်။


သတင်းအချက်အလက်များနှင့် ပတ်သက်၍စုံစမ်းဆက်သွယ်ရန်

Ms. Win Pa Pa Myo

Marketing & Communications Manager

Email: winpapamyo@yomaland.com

Mobile: +95 9 5163967


Yoma Land

The Campus, 1 Office Park, Rain Tree Drive

Pun Hlaing Estate, Hlaing Thayar Township

Yangon 11401, Myanmar

www.punhlaingestate.com

www.yomaland.com

bottom of page