top of page

၂၀၂၀ ခုနှစ် ဧပြီလအတွက် YOMA CENTRAL ၏ တိုးတက်မှုအစီအရင်ခံစာ

Updated: Jun 21, 2020


Photo Credit: Ko Ko Win Swe Tun

တာဝါ (၁) - The Peninsula Residence


တာဝါ (၁) တည်ဆောက်ရေးသည် ၅ ထပ်သို့ ရောက်ရှိလာပြီဖြစ်ကာ အနီးနားရှိ ပင်နီဆူလာဟိုတယ်ထက် ပိုမို မြင့်မားလာပြီဖြစ်သည်။ မျက်နှာစာပိုင်းတွင် အသုံးပြုမည့် ပစ္စည်းများအား စတင်ထုတ်လုပ်နေပြီဖြစ်ကာ ကုန်ပစ္စည်းများတင်ပို့ခြင်းသည် လာမည့်ရက်သတ္တပါတ် ၈ ပါတ်အတွင်း စတင်မည်ဖြစ်သည်။


Photo Credit: Ko Ko Win Swe Tun

တာဝါ (၂) - Westin Hotel


တာဝါ (၂) တည်ဆောက်ရေးမှာ ၆ ထပ်သို့ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါ ၆ လွှာ တွင် ဧည့်သည်များ နေထိုင်ရန် အခန်းများ စတင်ထားရှိမည်လည်း ဖြစ်သည်။ လုပ်ငန်းခွင်၏ အနောက်မြောက်ဘက်ရှိ အဓိက ဓါတ်အားပေးရုံဆောက်လုပ်ခြင်း ပြီးစီးခဲ့ပြီဖြစ်ကာ ဝယ်ယူ သိုလှောင်ထားပြီးသားဖြစ်သည့် မီးစက် ၆ လုံး အပါအဝင် အခြားသော ပင်မစက်ပစ္စည်းများအား မကြာမီအချိန်အတွင်း တပ်ဆင်သွားမည်ဖြစ်သည်။


တာဝါ (၃) - ရုံးခန်းများ


တာဝါ (၃) ၏ တောင်ဘက်ခြမ်းရှိ ကွန်ကရစ်လုပ်ငန်းသည် ၇ ထပ်သို့ ရောက်ရှိလာပြီဖြစ်သည်။


တာဝါ (၄) - ရုံးခန်းများ


တာဝါ (၄) ၏ ကွန်ကရစ်လုပ်ငန်း မှာ ၄ ထပ်အမြင့်သို့ရောက်ရှိပြီး ကြမ်းခင်းခြင်းလုပ်ငန်းမှာ ၃ ထပ်အထိ ပြီးစီးပြီဖြစ်သည်။ ထို့ကြောင့် အချို့သော ဆိုင်ခန်းများ၏ ကြမ်းခင်းများ နေရာချပြီးဖြစ်သည်။ လက်ရှိတွင် Yoma Central အဖွဲ့များက အဓိကလျှောက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်ကာ Yoma Central စီမံကိန်းနှင့် ပင်နီဆူလာဟိုတယ်တို့ကြားရှိ လျှောက်လမ်းကို စတင်တည်ဆောက်လျက်ရှိသည်။


B4 တွင် မြေအောက်ခန်းမြေတူးခြင်း လုပ်ငန်းလုပ်ကိုင်လျက်ရှိကာ နွေရာသီအပြီးတွင် ရေဝင်သည့် အနက် အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ မိုးရာသီတွင် အဆိုပါရေမျက်နှာပြင်သည် B2 အထိ မြင့်တက်လာမည် ဖြစ်ကာ ရှေ့လများတွင် နှစ်ကုန်သည်အထိ ရေစုပ်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။


Photo Credit: Ko Ko Win Swe Tun

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း


Yoma Centralအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အဝင်နှင့်အထွက်နေရာများကို အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အနီးဝန်းကျင်ရှိ အများပြည်သူသုံး လူသွားလမ်းများ အခြေအနေတိုးတက်လာရေးအတွက် မြို့တော်ကောင်စီကိုလည်း အထောက်အပံ့ပေးလျက်ရှိသည်။


COVID-19


Yoma Central သည် မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကာ ဝန်ထမ်းအားလုံးကိုလည်း လိုအပ်သည့် လုံခြုံရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ထားပါ သည်။

 

Print Version


bottom of page